ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ကြို့ပင်ကောက်မြို့နယ် ဗ.က.သ ကျောင်းသားတွေက အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြလှုပ်ရှားမှုကို ဧပြီ (၁၂)ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။








ဆန္ဒပြတော်လှန်ကျောင်းသားတွေက “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဆိုတဲ့ စာသားကို ချိတ်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး လှုံဆော်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
Era’sEyes/Photo – ကြို့ပင်ကောက်မြို့နယ် ဗ.က.သ။