နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ နတ်ဆိုး PDF အဖွဲ့ဝင် ၂ဦးကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်အတွင်းမှာ နတ်ဆိုး PDF အဖွဲ့ဝင် ၂ဦးကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီက ဝါဒဖြန့်နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇူလိုင်လ ၈ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက် လမ်း ၃၀၊ ၇၇*၇၈ ကြားရှိ မဟာဆေးခန်းမှာ နတ်ဆိုး PDF အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းအောင်(ခ)အားသစ်နဲ့ ပပဝင်းတို့ကို ဖမ်းမိခဲ့တယ်လို့ ဆိုထားပါတယ်။



ဖမ်းမိခဲ့သူနှစ်ဦးအနက် ငြိမ်းချမ်းအောင်သည် ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာ KNLA တပ်မဟာ (၂)နယ်မြေတွင် ဖောက်ခွဲရေးသင်တန်းကို ၃လခန့်တက်ရောက်ပြီး ပုသိမ်ကြီးမြို့နယ်အတွင်းမှာ လုပ်ငန်းဆောင်ရွက်လျက်ရှိတယ်လို့ ထွက်ဆိုထားကြောင်း ရေးသားထားပါတယ်။

နတ်ဆိုး PDF အဖွဲ့အား ငြိမ်းချမ်းအောင်က ခေါင်းဆောင်ပြီး ပပဝင်းအပါအဝင် ဖမ်းဆီးရန်ကျန်ရှိတဲ့ အယ်နှောင်း၊ ရတီ၊ ကျုံးကြီး၊ ကိုကြီး၊ ဒီပ၊ ကျွဲကြီးနဲ့ ကိုမျိုးအပါအဝင် ၂၀ဦးဖြင့် ဖွဲ့စည်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။


ပုသိမ်ကြီးမြို့နယ်အတွင်းမှာ နတ်ဆိုး PDF အဖွဲ့အနေနဲ့ သတ်ဖြတ်မှု ၄ကြိမ်နဲ့ မိုင်းထောင်ဖောက်ခွဲမှု ၂ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုထားပြီး ထိုသို့ဖမ်းဆီးခံရမှုဖြစ်စဉ်နဲ့စပ်လျဉ်းပြီး နတ်ဆိုး PDF ဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါ။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 11 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 23 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 26 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 29 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 29 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 25 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 32 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး