ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယာဒေသ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာန က သိရပါတယ်။
နမ့်ဆန်ယာန် အနီးအနားမှာတော့ တိုက်ပွဲတွေဟာ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာပါ။ ဇူလိုင်(၁၂)ရက်က မြစ်ကြီးနားဘက်က တက်လာတဲ့ စစ်ကောင်စီ ရဲ့ စစ်ကူ စစ်ကြောင်း နဲ့ ကေအိုင်အေ စစ်ကြောင်းတို့ ဟာ ဂျာပူရွာမှာ ထိတွေ့ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါတယ်။
ဒီကနေ့ ဇူလိုင်(၁၃)ရက်မှာလည်း ဗန်းမော်ဘက်ကလာ တဲ့စစ်ကောင်စီတပ်နှင့် လမ်းမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ဒီကနေ့ ဇူလိုင် (၁၃)ရက်မှာ ခလားကုန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကထိခိုက် သေဆုံး ထိခိုက်များပြားပြီး လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့ တယ်လို့ ဆိုပါတယ်။
KIO/KIA ဌာနချုပ်နယ်မြေနှင့် နီးစပ်သည့် နန်ဆန်ယာန်ဒေသ၌ ဇူလိုင် လဆန်းမှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြု ကာထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
Era’sEye/ KIA တပ်ဖွဲ့ဝင်များ/ပုံအဟောင်း။ ဓာတ်ပုံ- CJ