နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားနဲ့ ပက်သက်လို့ စစ်ကောင်စီက နိုင်ငံရေး အလွဲသုံးစားလုပ်တာလို့ဆို

မနေ့ကဘဲ နိုင်ငံတစ်ကာ အသိုင်းအဝိုင်းမှာကော လူမှုကွန်ယက်တွေမှာပါ ပြန့်နှံ့နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ တွေ့ဆုံမှုဆိုတဲ့အကြောင်းအရာနဲ့ ပက်သက်ပြီးတော့ ဒါတွေဟာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေက နိုင်ငံရေး အလွဲသုံးစားလုပ်ပြီး မြန်မာ့လူထုနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေကို မထီမဲ့မြင် လုပ်လိုက်တာလို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က ဒီကနေ့ပဲ ထုတ်ပြန်လိုက်ပါတယ်။


တစ်ချို့ လှုမှုကွန်ယက်တွေနဲ့ သတင်းဌာနတွေမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ညီညွတ်​ရေး အစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို အားပေးထောက်ခံတာမျိုး မရှိဘူးဆိုတာ ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ NUG ဘက်ကလည်း ဒါဟာ စစ်ကောင်စီရဲ့ အချိန်ကိုက် ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီကနေ့ဆိုရင်လည်း နိုင်ငံပိုင် မီဒီယာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ၁ နာရီခွဲလောက် သီးသန့် တွေ့ဆုံခဲ့တယ်ဆိုတာကို စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ထိုင်းနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ Don Pramudwinai က မြန်မာနိုင်ငံကို တနင်္ဂနွေနေ့ပေါ့ ၉ ရက်နေ့မှာ ရောက်ရှိလာတာ ရှိပါတယ် နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တာရှိပါတယ် တစ်ယောက်ခြင်းတွေ့ဆုံတာဖြစ်ပါတယ် တွေ့ဆုံတာကတော့ ၁ နာရီခွဲနီးပါးလောက်တော့ ကြာမြင့်ပါတယ် တစ်ယောက်ခြင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာဖြစ်ပါတယ် လွတ်လွတ်လပ်လပ်တွေ့ဆုံတာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း သူဆွေးနွေးချင်တဲ့ အချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာဖြစ်ပါတယ် လွတ်လွတ်လပ်လပ် ဆွေးနွေးတွေ့ဆုံတာဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ ကျွန်တော်တို့ အသေးစိတ် မသိရှိပါဘူး ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်တဲ့အရာကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း တွေ့ရှိရပါတယ်ဗျ”

ဒီလိုတွေ့ဆုံမှုဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြား သံတမန်တစ်ဦး ပထမဆုံးတွေ့ဆုံခဲ့တာလို့ ပြောရမှာပါ။

Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့