နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

သဘာ၀ပတ်ဝန်းကျင်

သဘာ၀ပတ်ဝန်းကျင် အရှေ့အလယ်ပိုင်း

လစ်ဗျားတွင် ရေကြီးမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် သေဆုံးကာ ၁၀၀၀၀ ကျော် ပျောက်ဆုံး။

လစ်ဗျားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တစ်ခုပြိုကျခဲ့ရာ လူပေါင်း ၅,၃၀၀ သေဆုံးပြီး ၁၀,၀၀၀ ခန့် ပျောက်ဆုံးနေသည်ဟု ယုံကြည်ရသည်။


အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) မှ ပျောက်ဆုံးနေသူ အရေအတွက်ကို စက်တင်ဘာလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အရှေ့ပိုင်းတွင် အခြေစိုက်သည့်အစိုးရ၏ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း စက်တင်ဘာလ (၁၂) ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဆည်နှစ်ခု ကျိုးပေါက်ခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ သေဆုံးသူ ၁၄၅ ဦးထက်မနည်းသည် အီဂျစ်လူမျိုးများဖြစ်ကြောင်း အရှေ့မြောက်ပိုင်းရှိ တိုဘရုခ်မြို့ အာဏာပိုင်များက ပြောကြားခဲ့သည်။


လစ်ဗျားအရှေ့ပိုင်းကိုအုပ်ချုပ်နေသည့် အစိုးရ၏ ကျန်းမာရေးဝန်ကြီး Abdul Jalil က “ဆည်တစ်ခုကနေ ရေစီးဝင်လာပြီး ကြီးကြီးမားမား ပျက်စီးခဲ့တဲ့ Derna (ဒါနာ) အရှေ့ပိုင်းဒေသမှာ လူပေါင်း ၆၀၀၀ လောက် ပျောက်ဆုံးနေတယ်” ဟု ဒေသခံ ရုပ်မြင်သံကြားကို ပြောပြသည်။ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဒါနာမြို့ကို သွားရောက်ကြည့်ရှုခဲ့သော Abdul Jalil က အခြေအနေသည် “ ကပ်ဆိုးကြီး” ဟုပြောကြားခဲ့သည်။

ဒါနာမြို့တော်၏ အချို့နေရာများတွင် ရေများနှင့် လုံးဝမျောပါသွားပုံရသည်ဟု တာဝန်ရှိသူများက ပြောသည်။
အရေးပေါ် ဝန်ဆောင်မှုများ ပြောရေးဆိုခွင့်ရှိသူက ဒါနာမြို့ရှိ ဆေးရုံသည် အလုပ်မလုပ်နိုင်တော့ဘဲ ရပ်နားထားရသည့် အခြေအနေဖြစ်နေကြောင်း CNN သို့ ပြောကြားခဲ့သည်။ အလောင်းများကို ရေခဲတိုက်အပြင်ဘက် လမ်းဘေးတွင် ထားရှိထားရသည်ဟု ဆိုပါသည်။

ဒါနာမြို့တွင် စေတနာ့ဝန်ထမ်း ဆရာဝန်တစ်ဦးက “ လူတွေဟာ ပုပ်သိုးလာတဲ့ ရုပ်အလောင်းတွေကို လိုက်ကောက်နေကြတယ်” ဟု ရှင်းပြခဲ့ပါသည်။

ဒါနာမြို့ခံများ၏ ဆွေမျိုးများသည် ရေလွှမ်းမိုးမှု မှတ်တမ်းများကို မြင်တွေ့ရပြီး ၎င်းတို့၏ ဆွေမျိုးများကို ဆက်သွယ်၍ မရသည့်အတွက် စိုးရိမ်မှုများ တိုးလာခဲ့သည်။ ဆက်သွယ်ရေးကွန်ရက်လည်း ပျက်သွားပုံရသည်။

ဘေးအန္တရာယ်ကျရောက်သည့်နေရာ၌ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် နိုင်ငံအများအပြားနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက အကူအညီများ ပေးထားသည်။ စက်တင်ဘာလ (၁၂) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသော တူရကီလေယာဉ်တစ်စင်း လစ်ဗျားသို့ ရောက်ရှိလာခဲ့သည်။ အီတလီသည် ထိုနေ့တွင်ပင် ကယ်ဆယ်ရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟု ကြေညာခဲ့သည်။

လစ်ဗျားတွင် အစိုးရနှစ်ရပ်သည် အာဏာလွန်ဆွဲပွဲ၌ ၁၀ နှစ်ကြာ ပါဝင်နေခဲ့ပြီး ပြင်းထန်သော ရာသီဥတုအခြေအနေများအတွက် နိုင်ငံသည် လုံလောက်သော ပြင်ဆင်မှု မရှိခဲ့ပေ။
Source: CNN Japan

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 119 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 60 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 68 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား