နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်

ကမ္ဘာကြီးသည် အစ္စရေးကို “ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများ၏ အစဉ်အဆက်” ဖြစ်နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

၁၉၆၇ ခုနှစ်ကတည်းက အစ္စရေး သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများရှိ အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဖရန်ချက်စကာ အယ်လ်ဘာနီးစ်က အစ္စရေးတွင် “နှိပ်စက်ညှဉ်းပန်းမှုသည် နိုင်ငံတော်မူဝါဒသဖွယ် ထိရောက်စွာ ဖြစ်လာနေပြီ” ဟု စွပ်စွဲခဲ့သည်။

“ခင်ဗျားတို့ရဲ့ အစိုးရအများစုနဲ့ ဝန်ကြီးတွေက ခွင့်ပြုထားတဲ့အတွက် အစ္စရေးဟာ ပါလက်စတိုင်းသားတွေကို နှိပ်စက်ဖို့ လိုင်စင်တစ်ခုကို ထိရောက်စွာ ရရှိထားတာ ဖြစ်ပါတယ်” ဟု သူမက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ နောက်ဆုံးအစီရင်ခံစာ တင်သွင်းစဉ် ပြောကြားခဲ့သည်။

အယ်လ်ဘာနီးစ်သည် သူမ၏ မဆုတ်မနာ ဝေဖန်မှုများနှင့် “လူမျိုးတုံးသတ်ဖြတ်မှု” ဟု ကာလရှည်ကြာ စွပ်စွဲချက်များကြောင့် အစ္စရေးနှင့် ၎င်း၏မဟာမိတ်အချို့ထံမှ ပြင်းထန်သော ဝေဖန်မှုများ၊ ဂျူးဆန့်ကျင်ရေးဝါဒီဖြစ်သည်ဟူသော စွပ်စွဲချက်များနှင့် ရာထူးမှ ဖယ်ရှားပေး ရန် တောင်းဆိုမှုများကို ရင်ဆိုင်နေရသည်။

“ဖရန်ချက်စကာ အယ်လ်ဘာနီးစ်ဟာ လူ့အခွင့်အရေး မြှင့်တင်သူတစ်ယောက် မဟုတ်ပါဘူး။ သူမဟာ ပရမ်းပတာဖြစ်အောင် လုပ်ဆောင်တဲ့ ကိုယ်စားလှယ်တစ်ယောက်သာ ဖြစ်ပြီး… သူမထုတ်ဝေတဲ့ ဘယ်စာရွက်စာတမ်းမဆို နိုင်ငံရေးအရ လှုံ့ဆော်ထားတဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်ရဲ့ အော်ဟစ်ပေါက်ကွဲမှုကလွဲလို့ ဘာမှမဟုတ်ပါဘူး” ဟု ဂျီနီဗာရှိ အစ္စရေးသံ အဖွဲ့ က တနင်္လာနေ့တွင် ထုတ်ပြန်ချက်တစ်စောင်၌ ပြောကြားခဲ့သည်။

အယ်လ်ဘာနီးစ်သည် “အစ္စရေးနိုင်ငံ တည်ရှိမှုကို ထိပါးစေရန် အန္တရာယ်ရှိသောအစွန်းရောက် ဇာတ်ကြောင်းများကို ထောက်ခံအားပေးနေသည်” ဟုလည်း ထိုထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

အယ်လ်ဘာနီးစ်၏ အစီရင်ခံစာတွင် အစ္စရေးသည် ပါလက်စတိုင်းသားများအပေါ် “စုပေါင်း ကဲ့ရဲ့ လက်စားချေခြင်းနှင့် ဖျက်ဆီးလိုသော ရည်ရွယ်ချက်” ကို ပြသသည့် အတိုင်းအတာဖြင့် စနစ်တကျ နှိပ်စက်ညှဉ်းပန်းနေသည်ဟု ဆိုထားသည်။

“နှိပ်စက်ညှဉ်းပန်းမှုဟာ အကျဉ်းထောင်နံရံတွေထက် အများကြီး ကျော်လွန်နေပါတယ်။ ဒါဟာ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေ တစ်ခုလုံးမှာ အစ္စရေးက ချမှတ်ထားတဲ့ ညှဉ်းပန်း နှိပ်စက်တဲ့ ပတ်ဝန်းကျင်တစ်ခုလို့ပဲ ဖော်ပြလို့ရပါတယ်” ဟု သူမက လူ့အခွင့်အရေး ကောင်စီ တွင် ပြောကြားခဲ့သည်။

နှိပ်စက်ညှဉ်းပန်းမှုများသည် ဘဝကို အဓိပ္ပာယ်ရှိစေသည့် အခြေအနေများကို ဖျက်ဆီးပစ်ကာ လူသားတို့၏ ဂုဏ်သိက္ခာကို ရိုက်ချိုးပြီး လူသားတစ်ယောက်၏ အနှစ်သာရမရှိသော အခွံ သက်သက်ကိုသာ ချန်ထားရစ်ကြောင်း သူမက ဆိုသည်။

“ကျွန်မနဲ့ တခြားသူအများအပြား မှတ်တမ်းတင်ထားတဲ့ သက်သေခံချက်တွေဟာ ဝမ်းနည်းစရာ ကောင်းတဲ့ ဆင်းရဲဒုက္ခဇာတ်လမ်းတွေတင် မဟုတ်ပါဘူး။ ဒါတွေဟာ သိမ်းပိုက်ခံနယ်မြေတစ်ခုလုံးမှာရှိတဲ့ ပါလက်စတိုင်းလူမျိုး တစ်ရပ်လုံးကို ပစ်မှတ်ထားပြီး ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေတွေပဲ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

– ‘ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ရပ်တန့်ပါ’ –

နိုင်ငံတကာ၏ တုံ့ပြန်မှုသည် နိုင်ငံများ၏ စုပေါင်းဥပဒေရေးရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ယူမှုကို စမ်းသပ်ခြင်း ဖြစ်လိမ့်မည်ဟု အယ်လ်ဘာနီးစ်က သတိပေးခဲ့သည်။

“နိုင်ငံတကာဥပဒေကို လျစ်လျူရှုတာဟာ ပါလက်စတိုင်းမှာတင် ရပ်တန့်သွားမှာ မဟုတ် ပါဘူး။ အခုဆိုရင် လက်ဘနွန်ကနေ အီရန်အထိ၊ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဗင်နီဇွဲလားအထိပါ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ အခုထိန်းချုပ်မထားနိုင်ရင် ဒါဟာ အဝေးကြီးအထိ ဆက်ပြီး ပျံ့နှံ့သွား ပါလိမ့်မယ်” ဟု သူမက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားသော်လည်း အထူးကိုယ်စားလှယ် များ သည် အမှီအခိုကင်းသော ကျွမ်းကျင်သူများဖြစ်ကြပြီး ကုလသမဂ္ဂကိုယ်စား ပြောဆိုခြင်း မဟုတ်ပေ။

ပါလက်စတိုင်း သံအမတ်ကြီး အီဘရာဟင် ခရိုက်ရှီ (Ibrahim Khraishi) က အယ်လ်ဘာနီးစ် ၏ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသော လုပ်ရပ်များသည် “တစ်ဦးချင်း နှိပ်စက် ညှဉ်းပန်း မှုမျှသာ မဟုတ်ဘဲ စုပေါင်း၍ စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှု မြောက်နေကြောင်း” ကောင်စီသို့ ပြောကြားခဲ့သည်။

“တာဝန်ခံမှုရှိစေဖို့နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ရပ်တန့်ဖို့အတွက် အရေးတကြီး အရေးယူ ဆောင်ရွက် ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်တော်တို့ ထပ်လောင်း တောင်းဆို ပါတယ်” ဟု ၎င်းက ဆိုသည်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ပါကစ္စတန်ကလည်း “ပြစ်ဒဏ်ကင်းလွတ်ခွင့်ဟာ အမြစ်တွယ်နေပြီး ကာကွယ်စောင့်ရှောက်မှု တွေဟာလည်း ပျက်စီးနေပြီ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“ဒီရာဇဝတ်မှုတွေကို သိမ်းပိုက်ခံနယ်မြေထဲက လူတွေကို သူတို့ရဲ့ ဇာတိမြေကနေ ဖယ်ရှားပစ်ဖို့ ရည်ရွယ်ချက်နဲ့ တစ်ဦးချင်းရော စုပေါင်းပါ ဆင်းရဲဒုက္ခရောက်အောင် ကျူးလွန်နေတာဖြစ်ပါတယ်” ဟု ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံကမူ “နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်မှာလဲ? နိုင်ငံတွေက နှုတ်ပိတ် နေတာကို မြင်ရတာ နာကျင်စရာကောင်းပြီး စက်ဆုပ်ရွံရှာဖို့ ကောင်းပါတယ်။ ပိုဆိုးတာက ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ငွေကြေးထောက်ပံ့ပေးနေတာပါပဲ” ဟု မေးခွန်း ထုတ်ခဲ့သည်။

တောင်အာဖရိက ကိုယ်စားလှယ်ကလည်း “အစ္စရေးရဲ့ ယုတ်မာမှုတွေကို ရင်ဆိုင်ရာမှာ ဘာမှမလုပ်ဘဲ နေတာဟာ ကြားနေတာ မဟုတ်ပါဘူး၊ ဒါဟာ အားပေးကူညီရာ ရောက်နေ တာပါ” ဟု ပြောကြားခဲ့သည်။

ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ဖရန်ချက်စကာ အယ်လ်ဘာနီးစ် (Francesca Albanese) က သူမ၏ နောက်ဆုံးအစီရင်ခံစာကို တင်သွင်းခဲ့သည်။ — Fabrice COFFRINI (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက