နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ အမေရိကန် ဥရောပ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ကြပြီ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ရုရှားနိုင်ငံ အရှေ့ဘက်စွန်းရှိ အာကာသ အခြေစိုက်စခန်း ဗိုစ်တိုချီနီ ကိုစမိုဒရုမ်း (Vostochny Cosmodrome) တွင် ယနေ့ စက်တင်ဘာလ (၁၃) ရက်နေ့ အစောပိုင်းက တွေ့ဆုံခဲ့ကြသည်။


ရုရှားသမ္မတအိမ်တော်မှ ထုတ်ပြန်သည့် ဗီဒီယိုတွင် ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်သည်ကို ပြသခဲ့သည်။ ရုရှားနှင့် မြောက်ကိုရီးယားအလံများကို အခြေစိုက်စခန်းတွင် လွှင့်တင်ထားသည်။

ပူတင်က “ခရီးစဉ် ဘယ်လိုနေလဲလို့” မေးသည့်အခါ ကင်ဂျုံအွန်က “ အလုပ်တွေ ရှုပ်နေတဲ့ကြားက ကျွန်တော်တို့ကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်´´ ဟု ဖြေကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာမှ ထုတ်ဝေသည့် ဓာတ်ပုံများတွင် ကင်ဂျုံအွန်နှင့်အတူ စစ်တပ်၏ ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲနှင့် ကိုရီးယား အလုပ်သမားပါတီ ခေါင်းဆောင်များလည်း လိုက်ပါသွားသည်ကို တွေ့ရသည်။

ရုရှားခရီးစဉ်အတွင်း ယနေ့နံနက်တွင် မြောက်ကိုရီးယားသည် မြို့တော်ပြုံယမ်း၏မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ဆူနန်မှ ဂျပန်ပင်လယ်သို့ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သည်။

ကင်ဂျုံအွန်သည် နိုင်ငံပြင်ပတွင် ရှိနေစဉ်တွင် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခြင်းသည် ထူးဆန်းသည်ဟု လေ့လာသူများက ဆိုသည်။ ရည်ရွယ်ချက်မှာ တပ်မတော်၏ ကွပ်ကဲမှုကွင်းဆက်တွင် ပြဿနာ မရှိကြောင်း၊ စစ်အတွက် အဆင်သင့် ဖြစ်နေသည်ကို ပြသရန်ဖြစ်ကြောင်း ထင်ရှားပါသည်။

Source: CNN, Japan
ဓာတ်ပုံ။ ရုရှားသမတရုံး Website

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြည်ပတွင် ဆိုင်းငံ့ထားသော အီရန်၏ ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် အီရန်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် အစပိုင်းတွင် ငြင်းဆန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် အီရန်နှင့် အမေရိကန်တို့အကြား ကနဦးဆွေးနွေးပွဲများ ပြီးဆုံးသွားပြီး ကောင်းမွန်စွာ ပြီးမြောက်ခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများထံမှ သတင်းရရှိထားပါသည်။ သို့သော်လည်း ဆွေးနွေးပွဲများသည် ထိုနေ့အစောပိုင်းတွင် မည်ကဲ့သို့ ပျက်ပြားလုနီးပါးဖြစ်ခဲ့ရသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို အီရန်ဘက်က ထပ်မံထုတ်ပြန်ခဲ့ပြီး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ပထမအကျော့ဆွေးနွေးပွဲတွင် “ အားတက်ဖွယ်တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ယခုအခါ ပြီးဆုံးသွားပြီဖြစ်သော အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို “အပြုသဘောဆောင်ပြီး တည်ဆောက်မှုရှိသော အဝန်းအဝိုင်း” တွင် ကျင်းပခဲ့ကာ “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းမှုများစတင်ရန် အခြေခံအချက် အလက် များကို အမေရိကန်နှင့် အီရန်တို့ ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် နိုင်ငံပိုင်မီဒီယာ Tasnim ၏ အဆိုအရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီက အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့များသည် နောက်ဆုံးသဘောတူညီချက်တစ်ခုရရှိရန် ညှိနှိုင်းမှုများအတွက် အခြေခံအချက်အလက်များကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ဆွစ်ဇာလန်ရှိ