အခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်မှ ဩဂုတ်လ (၁)ရက်နေ့အထိ KNU/KNLA တပ်မဟာ(၂)၊ တပ်ရင်း (၅)နယ်မြေရှိ စစ်တပ်ပစ်မှတ် (၁၃)နေရာကို ဗုံးအလုံး (၉၀) ကျဲချတိုက်ခိုက်ခဲ့တယ်လို့ Alpha One Drone ရဲ့ စက်တင်ဘာလ (၁၂)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ဗျူဟာမှူး (၁)ဦးအပါအဝင် ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး Alpha One Drone ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
Alpha One Drone အဖွဲ့ဟာ ပြည်ခရိုင်၊ တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၅)ရဲ့ ဒရုန်းအဖွဲ့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုအချိန်မှာ KNU/KNLA တပ်မဟာ(၂)၊ တပ်ရင်း(၅)၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ နေပြည်တော်(PDF)နဲ့ ပူးပေါင်းကာ စစ်ဆင်ရေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။