နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကနီမြို့ကို ရောက်ရှိလာတဲ့ စစ်သင်္ဘောအုပ်စုအား တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲ ရောက်ရှိလာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (၁၁) နာရီခန့်က မုံရွာမြို့ကနေ သင်္ဘော (၁၁) စီးနဲ့ စစ်သားအင်အား အများအပြား လိုက်ပါလာတဲ့ စစ်သင်္ဘောအုပ်စုဟာ ကနီမြို့အနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့‌တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်မှာ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောဆိုထားပါတယ်။
စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခဲ့တာကို ယင်းမာပင်ခရိုင်တပ်ရင်း (၃၀) တပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ FBGAI AK ပြောက်ကြားအဖွဲ့နဲ့ အညာတပ်ခွဲ ဒေါင်းမင်းစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 17 Views
BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ
မြန်မာသတင်း

ပုတီးကုန်းမြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်း မိုင်းဆွဲပစ်ခတ်ခံရပြီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီအချိန်က ပြည်ခရိုင် ပုတီးကုန်းမြို့ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ် (၂)ဦး MDY-PDF ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ် (၁၇)ဆင်း ပြည်သူ့စစ်
မြန်မာသတင်း

ဖလမ်းမှာ စစ်ကောင်စီတပ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေ ချင်းပူးပေါင်းတပ် သိမ်းဆည်းရရှိခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ဖလမ်းမြို့ မဏိပူရမြစ်ဘေးမှာ စစ်ကောင်စီတပ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို ချင်းပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မဏိပူရမြစ်ဘေးမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းတဲ့အချိန် အကြမ်းဖက်စစ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို သိမ်းဆည်းရမိခဲ့တာ”
မြန်မာသတင်း

ရေစကြိုမြို့မှာ စစ်တပ်ရဲ့ ရမ်းကားပစ်ခတ်တာတွေကြောင့် ပြည်သူ (၅)ဦး ထိမှန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မနေ့က နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ မြင်းခြံရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ
မြန်မာသတင်း

စစ်ဆင်ရေးဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို စစ်တပ်က သေဒဏ်နဲ့ ထောင်ဒဏ်ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေမှာ စစ်ဆင်ရေး ဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို သေဒဏ်နဲ့ ‌ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၃)ဦးဟာ ဒကစ(စစ်တွေ)မှာ စစ်တရားရုံးတင်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗုံးကြဲခံရတဲ့အချိန်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်‌နေတဲ့အချိန်လို့ သိရတယ်။ အဲ့ဒီမှာ
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံမှာ မေမေနဲ့ နေထိုင်ခဲ့ချိန်က ဖိုးဖိုးရဲ့ ကတ်တနာ(ဓါး)ကို