နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပင်လောင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး အသတ်ခံရ

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)ခေါင်းဆောင်တစ်ဦးကို ရှင်းလင်းခဲ့ပြီး လက်နက်၊ခဲယမ်းနဲ့ မူးယစ်ဆေးပြားတွေ သိမ်းဆည်းရမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း (၂) က ဒီနေ့ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်၊ပင်လောင်းမြို့နယ် နန့်တုတ်ကျေးရွာ နယ်မြေခံ PNOခေါင်းဆောင်အယ်ဝေးရဲ့ နေအိမ်ကို သြဂုတ်လ (၂၈) ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

အယ်ဝေးကိုင်ဆောင်တဲ့ပစ္စတိုတစ်လက်၊ 9 MM ကျည်အနည်းငယ်၊ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ လက်ပစ်ဗုံးတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သြဂုတ်လ (၂၀) ရက်နေ့က ပင်လောင်းမြို့နယ်၊ နန့်ဖာမူရွာက PNO နယ်မြေခံခေါင်းဆောင်မောင်ဝင်းရဲ့ နေအိမ်ကိုလည်း ဖယ်ခုံ PDF က ဝင်ရောက်စီးနင်းခဲ့ဖူးပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂန့်ဂေါခရိုင်ထဲ ယောဒေသစစ်ဆင်ရေး ဂန့်ဂေါခရိုင်စစ်ဌာန စတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 2 Views
စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် (၅)နာရီအချိန်ကစပြီး ဂန့်ဂေါခရိုင်ထဲရှိ စစ်တပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို
မြန်မာသတင်း

ချောက်မြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး (၂၀)ခန့် ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 8 Views
ဒီဇင်ဘာလ (၃၀)ရက်။ ချောက်မြို့ရှိ စစ်တပ်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်စစ်ဌာန-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

၂၀၂၆ခုနှစ်မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 7 Views
ဒီဇင်ဘာလ (၃၀)ရက်။ ၂၀၂၆ခုနှစ်မှာ တေယ်လှန်ရေးကို အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၆မှာ ဘာဖြစ်မလဲဆိုတာ တိတိကျကျ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 25 Views
ရွေးကောက်ပွဲကာလ မြို့နယ်ပေါင်း (၅၀)ကျော် တိုက်ခိုက်ခံရတယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်ပေါင်း (၁၀၂)မြို့နယ်မှာ အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့အချိန် (၁၀၂)မြို့နယ်ထဲက လွိုင်ကော်မြို့အပါအဝင် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ မြို့နယ် (၁၁)ခုရှိခဲ့ပြီး
မြန်မာသတင်း

ကသာမြို့အနီးတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မြို့အဝင်အထွက် ပိတ်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 52 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က ညနေပိုင်းအချိန်ကစပြီး ကသာမြို့အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်း‌ရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က ရွေးကောက်ပွဲလုပ်ပြီးတဲ့အချိန် ညနေပိုင်းလောက်ကစပြီး မြို့အဝင်နားမှာ တိုက်ပွဲဖြစ်တာ။ ဒီကနေ့ နေ့လယ်ပိုင်းအထိပဲ၊ တိုက်ပွဲက မြို့အဝင်
မြန်မာသတင်း

မြိတ်မြို့မှာ ရွေးကောက်ပွဲရှုံးတဲ့ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 46 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က မြိတ်မြို့မှာ စစ်တပ်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့်ဆိုပြီး ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မြိတ်မြို့ ပသောင်းကျေးရွာအုပ်စုရှိ ပသောင်းမဲရုံမှာ မဲလာပေးသူအချို့ကို မဲရုံအမည်စစ်ဆေးသူက ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကို မဲပေးဖို့ ညွှန်ပြတာတွေရှိခဲ့တယ်လို့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်/ကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 38 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒိုက်ဦးထောင်ထဲ ခရစ္စမတ်နေ့ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူအချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ PPNM အပါအဝင် နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့အဖွဲ့ (၄)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ရှိ အမျိုးသမီးဆောင်မှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပတဲ့နေ့ စစ်တပ်ရဲ့ လပခနဲ့ ဘုရင့်နောင်တိုက်ခိုက်‌ရေးကျောင်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 55 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ သံတောင်ကြီးရှိ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လပခကို နံနက် (၁)နာရီလောက်က ရှော့တိုက်ဒုံး