နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 26 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြှောင် မြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို ၂၄ နာရီအတွင်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်ရဲ့ အမိန့်ကို ရုတ်သိမ်းပေးဖို့ UN တောင်းဆို။

အောက်တိုဘာလ (၁၂) ရက်နေ့ညပိုင်းက ဂါဇာကမ်းမြှောင် မြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို ၂၄ နာရီအတွင်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်ရဲ့ အမိန့်ဟာ လူသားချင်းစာနာမှု မရှိဘဲ ဒါကို လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး အဲဒီအမိန့်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂ (UN) က ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dujarric ရဲ့ ပြောကြားချက်အရ အစ္စရေးစစ်တပ်က ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို ၂၄ နာရီအတွင်း ဂါဇာတောင်ပိုင်းကို ပြောင်းရွှေ့ရမယ်လို့ အစ္စရေးစစ်တပ်က ဒေသစံတော်ချိန် အောက်တိုဘာလ ၁၂ ရက်နေ့ ညမှာ ပြောကြားခဲ့ပါတယ်။

“ ဒါဟာ လူ ၁.၁ သန်းနီးပါးနဲ့ ညီမျှပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းအားလုံးနဲ့ ကျောင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ အပါအဝင် ကုလသမဂ္ဂ အဆောက်အဦတွေဆီ စစ်ဘေးရှောင်နေတဲ့သူတွေပါ ပါဝင်အကျိုးသက်ရောက်နေပါတယ်။ အလုံးစုံပျက်စီးစေမယ့် လူသားချင်း စာနာမှုမရှိဘဲ ပြုမူဆောင်ရွယ်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဟု UN မှ ပြောကြားခဲ့ပါတယ်

ဒါအပြင် “အခုဖြစ်ပျက်နေတဲ့ ကြေကွဲစရာတွေကို အလုံးစုံပျက်စီးစေမယ့် အခြေအနေအဖြစ် ပြောင်းလဲမသွားအောင် ဟန့်တားဖို့ ဒီအမိန့်တွေကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက အလေးအနက် တိုက်တွန်းပါတယ်လို့ သူက ဆက်ပြောပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်နဲ့ နယ်စပ်မှာ အရန်တပ်သား ၃၀၀,၀၀၀ ကျော်ကို စုဆောင်းထားပြီး ဖြစ်ပေမယ့် ကြီးမားတဲ့ စစ်ရေးစစ်ဆင်ရေး လုပ်ဆောင်ရန် အစီအစဉ်ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အစ္စရေးကို ၇ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အစားအစာငတ်မွတ်မှုအန္တရာယ် တိုးမြင့်လာနေခဲ့ပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အခုအချိန်အထိ ဂါဇာမှာ လူပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ကုလသမဂ္ဂဘက်ကတော့ လူပေါင်း ၃၃၈,၀၀၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှုရန်က ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဂါဇာမှာ ပါလက်စတိုင်း ၂ သန်းကျော် နေထိုင်နေပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းက အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို မြေပြင်၊ ရေကြောင်းနဲ့ လေကြောင်းတွေကနေ ပိတ်ဆို့ထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်က ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူတွေကို အစ္စရေးရဲ့သတိပေးချက်အတိုင်း ဂါဇာမြောက်ပိုင်းက တောင်ပိုင်းကို ပြောင်းရွှေ့ရမယ်လို့ ပြောတဲ့နေ့မှာပဲ သူတို့ရဲ့နေအိမ်တွေကနေ မရွှေ့ပြောင်းဖို့ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို သတင်းစာရှင်း လင်းပွဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။

ဟားမတ်စ်က အစ္စရေးတို့က “စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ” ဆင်နွှဲနေတယ်လို့ စွပ်စွဲကာ မြို့ခံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ဝန်ထမ်းတွေးကို တောင်ဘက်သို့ မရွှေ့ပြောင်းရန် ပြောခဲ့ပါတယ်။ “နည်းလမ်းအမျိုးမျိုးနဲ့ မဟုတ်မမှန် ဝါဒဖြန့်ပြီး နိုင်ငံသားတွေကြား ရှုပ်ထွေးမှုတွေ ဖြစ်စေကာ ပြည်တွင်းတည်ငြိမ်ရေးကို ထိခိုက်စေပါတယ်” လို့ ဟားမတ်စ်ဘက်က ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းတွေက အခြေစိုက်စခန်းတွင် ကျန်ရစ်ခဲ့ပြီး ရွှေ့ပြောင်းခြင်း မပြုခဲ့ကြောင်းလည်း ပြောကြားခဲ့ပေမဲ့ ဒီအချက် မှန်မမှန်ကိုတော့ CNN အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က အစ္စရေးက ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို တောင်ဘက်ကို ရွှေ့ပြောင်းဖို့ သတိပေးခဲ့ပါတယ်။

ဒီနေ့မှာပဲ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့ (UNRWA) ကတော့ သူတို့ရဲ့ ဗဟိုစစ်ဆင်ရေးဌာနနဲ့ နိုင်ငံတကာ ဝန်ထမ်းတွေကို ဂါဇာတောင်ပိုင်းကို ပြောင်းရွှေ့ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

Source: CNN, Japan / ဓာတ်ပုံအညွှန်း/အောက်တိုဘာလ ၁၁ ရက်နေ့က ဂါဇာအခြေအနေ။
Mohammed Abed/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဥရောပ

ရုရှားသည် ဥရောပကို ပေါင်းစပ်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ဒတ်ခ်ျထောက်လှမ်းရေးက ပြောသည်။

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 13 Views
“ဖြစ်နိုင်ခြေရှိတဲ့ ယူကရိန်းနဲ့ စစ်ပွဲအဆုံးသတ်ပြီးနောက် ဥရောပအပေါ် ရုရှားရဲ့ ခြိမ်းခြောက်မှု တိုးလာနေတာကို ကျွန်တော်တို့ မြင်ပါတယ်” ဟု ဒတ်ခ်ျစစ်ထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာက
နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ် သက်တော် ၈၈ နှစ်မှာ ပျံလွန်တော်မူ

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 16 Views
ဧပြီလ (၂၂) ရက်။ ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ ပထမဆုံး တောင်အမေရိကက ဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ဧပြီလ (၂၁) ရက် တနင်္လာနေ့မှာ
နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ် သက်တော် ၈၈ နှစ်မှာ ပျံလွန်တော်မူ

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 11 Views
+++++++++++++++++++++ ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ ပထမဆုံး တောင်အမေရိက အမေရိကဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ တနင်္လာနေ့က ပျံလွန်တော်မူသွားခဲ့ပြီလို့ ဗာတီကန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “ဒီနေ့မနက် ၇ နာရီ ၃၅ မိနစ်မှာ ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ဖခမည်းတော်ရဲ့ နေအိမ်ကို ပြန်သွားခဲ့ပါပြီ” လို့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

တိုးတက်မှုမရှိပါက ယူကရိန်းအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကနေ အမေရိကန် နှုတ်ထွက်သွားမယ်လို့ ထရန့်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
ဧပြီလ (၁၉) ရက်။ ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ လျင်မြန်စွာ တိုးတက်မှုမရှိပါက အမေရိကန်အစိုးရသည် ရက်ပိုင်းအတွင်း နုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၁၈ ရက်နေ့တွင် သတိပေးခဲ့သည်။ ထရန့်သည် နှစ်ဖက်စလုံးအား အပစ်အခတ်ရပ်စဲရန်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်က ရှေ့ကို ဆက်သွားသင့်တယ်လို့ ရူဘီယိုပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 38 Views
ဧပြီလ (၁၉) ရက်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေကို အဆုံးသတ်ပြီး ရှေ့ဆက်ဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရုဘီယိုက ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ “ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကြားမှ အမေရိကန်နှင့် အီရန် နျူကလီးယားဆွေးနွေးပွဲများ စတင်နေချိန်တွင် သဘောတူညီချက်တစ်ခု ရနိုင်ပါသလား။

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 37 Views
+++++++++++++++++++ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နှင့် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မည်ဟု သီတင်းပတ်ကုန်တွင် ပြောကြားပြီးနောက် အိုမန်၌ ဆွေးနွေးမှုများကို ယခုသီတင်းပတ်အစောပိုင်းတွင် တိုက်ရိုက်မဟုတ်ဘဲ လုပ်ဆောင်မည်ဖြစ်ကြောင်း တီဟီရန်က ပြောကြားခဲ့သည်။ အီရန်နှင့် အမေရိကန်တို့သည် စနေနေ့တွင် တွေ့ဆုံခဲ့ပြီး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်အတွင်း စစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 38 Views
++++++++++++++++++++++++++++++++++ အစ္စရေးစစ်တပ်အတွင်း စစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာနေပြီးအထက်တန်းစား အရန်တပ်ဖွဲ့များသည် ဆန္ဒပြပွဲများတွင် ပါဝင်လာကြသည်။ ဂါဇာကမ်းမြှောင်တွင် ထိန်းသိမ်းခံထားရသော ဓားစာခံများကို ချက်ချင်းပြန်လွှတ်ပေးရန် အစ္စရေးစစ်တပ်၏ ထိပ်တန်းထောက်လှမ်းရေးယူနစ်မှ အရန်တပ်ဖွဲ့ငယ်တစ်ဖွဲ့သည် ဂျေရုဆလင်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဖြစ်ရန်အတွက် အစ္စလမ္မစ်အဖွဲ့အစည်း ဟားမတ်စ်နှင့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အသက် ၁၃ နှစ်အရွယ်နဲ့ ထောင်ကျခဲ့တဲ့ ပါလက်စတိုင်း ကလေးငယ်ကို ၁၀ နှစ်အကြာမှာ အစ္စရေးပြန်လွှတ်

  • 2025 ခုနှစ်၊ ဧပြီလ 12 ရက်
  • 44 Views
ဧပြီလ (၁၁) ရက်။ အဲ့ဒီ ပါလက်စတိုင်း ကလေးငယ်ကို ထောင်သွင်းအကျဉ်းချထားစဉ် တိုက်ပိတ်ပြီး ရက်စက်စွာ စစ်ကြောမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၃ နှစ်အရွယ်မှာ အစ္စရေးတို့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဆယ်စုနှစ်တစ်ခုနီးပါး အကျဉ်းကျခံခဲ့ရတဲ့ ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အစ္စရေးတို့က