နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြှောင် မြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို ၂၄ နာရီအတွင်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်ရဲ့ အမိန့်ကို ရုတ်သိမ်းပေးဖို့ UN တောင်းဆို။

အောက်တိုဘာလ (၁၂) ရက်နေ့ညပိုင်းက ဂါဇာကမ်းမြှောင် မြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို ၂၄ နာရီအတွင်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်ရဲ့ အမိန့်ဟာ လူသားချင်းစာနာမှု မရှိဘဲ ဒါကို လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး အဲဒီအမိန့်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂ (UN) က ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dujarric ရဲ့ ပြောကြားချက်အရ အစ္စရေးစစ်တပ်က ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို ၂၄ နာရီအတွင်း ဂါဇာတောင်ပိုင်းကို ပြောင်းရွှေ့ရမယ်လို့ အစ္စရေးစစ်တပ်က ဒေသစံတော်ချိန် အောက်တိုဘာလ ၁၂ ရက်နေ့ ညမှာ ပြောကြားခဲ့ပါတယ်။

“ဒါဟာ လူ ၁.၁ သန်းနီးပါးနဲ့ ညီမျှပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းအားလုံးနဲ့ ကျောင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ အပါအဝင် ကုလသမဂ္ဂ အဆောက်အဦတွေဆီ စစ်ဘေးရှောင်နေတဲ့သူတွေပါ ပါဝင်အကျိုးသက်ရောက်နေပါတယ်။ အလုံးစုံပျက်စီးစေမယ့် လူသားချင်း စာနာမှုမရှိဘဲ ပြုမူဆောင်ရွယ်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဟု UN မှ ပြောကြားခဲ့ပါတယ်

ဒါအပြင် “အခုဖြစ်ပျက်နေတဲ့ ကြေကွဲစရာတွေကို အလုံးစုံပျက်စီးစေမယ့် အခြေအနေအဖြစ် ပြောင်းလဲမသွားအောင် ဟန့်တားဖို့ ဒီအမိန့်တွေကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက အလေးအနက် တိုက်တွန်းပါတယ်လို့ သူက ဆက်ပြောပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်နဲ့ နယ်စပ်မှာ အရန်တပ်သား ၃၀၀,၀၀၀ ကျော်ကို စုဆောင်းထားပြီး ဖြစ်ပေမယ့် ကြီးမားတဲ့ စစ်ရေးစစ်ဆင်ရေး လုပ်ဆောင်ရန် အစီအစဉ်ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အစ္စရေးကို ၇ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အစားအစာငတ်မွတ်မှုအန္တရာယ် တိုးမြင့်လာနေခဲ့ပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အခုအချိန်အထိ ဂါဇာမှာ လူပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ကုလသမဂ္ဂဘက်ကတော့ လူပေါင်း ၃၃၈,၀၀၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှုရန်က ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဂါဇာမှာ ပါလက်စတိုင်း ၂ သန်းကျော် နေထိုင်နေပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းက အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို မြေပြင်၊ ရေကြောင်းနဲ့ လေကြောင်းတွေကနေ ပိတ်ဆို့ထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်က ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူတွေကို အစ္စရေးရဲ့သတိပေးချက်အတိုင်း ဂါဇာမြောက်ပိုင်းက တောင်ပိုင်းကို ပြောင်းရွှေ့ရမယ်လို့ ပြောတဲ့နေ့မှာပဲ သူတို့ရဲ့နေအိမ်တွေကနေ မရွှေ့ပြောင်းဖို့ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို သတင်းစာရှင်း လင်းပွဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။

ဟားမတ်စ်က အစ္စရေးတို့က “စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ” ဆင်နွှဲနေတယ်လို့ စွပ်စွဲကာ မြို့ခံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ဝန်ထမ်းတွေးကို တောင်ဘက်သို့ မရွှေ့ပြောင်းရန် ပြောခဲ့ပါတယ်။ “နည်းလမ်းအမျိုးမျိုးနဲ့ မဟုတ်မမှန် ဝါဒဖြန့်ပြီး နိုင်ငံသားတွေကြား ရှုပ်ထွေးမှုတွေ ဖြစ်စေကာ ပြည်တွင်းတည်ငြိမ်ရေးကို ထိခိုက်စေပါတယ်” လို့ ဟားမတ်စ်ဘက်က ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းတွေက အခြေစိုက်စခန်းတွင် ကျန်ရစ်ခဲ့ပြီး ရွှေ့ပြောင်းခြင်း မပြုခဲ့ကြောင်းလည်း ပြောကြားခဲ့ပေမဲ့ ဒီအချက် မှန်မမှန်ကိုတော့ CNN အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က အစ္စရေးက ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို တောင်ဘက်ကို ရွှေ့ပြောင်းဖို့ သတိပေးခဲ့ပါတယ်။

ဒီနေ့မှာပဲ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့ (UNRWA) ကတော့ သူတို့ရဲ့ ဗဟိုစစ်ဆင်ရေးဌာနနဲ့ နိုင်ငံတကာ ဝန်ထမ်းတွေကို ဂါဇာတောင်ပိုင်းကို ပြောင်းရွှေ့ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

Source: CNN, Japan / ဓာတ်ပုံအညွှန်း/အောက်တိုဘာလ ၁၁ ရက်နေ့က ဂါဇာအခြေအနေ။
Mohammed Abed/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 91 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 96 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 75 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်