နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

အာရှ

အာရှ

အိုဆာကာ ပင်လယ်အော်ထဲ မျက်စိလည် လမ်းမှားလာတဲ့ ဝေလငါးကြီး သေဆုံး

ယနေ့ ဇန်နဝါရီ (၁၃) ရက်နေ့တွင် အိုဆာကာမြို့ နီရှီယိုဒိုဂါဝါရပ်ကွက်ရှိ ယိုဒိုဂါဝါမြစ်သို့ ဝင်ရောက်လာသည့် (၈) မီတာရှည်သော ဝေလငါးကြီးသည် မလှုပ်မယှက် ရှိနေသည့်အတွက် အိုဆာကာငါးပြတိုက်မှ ဝန်ထမ်းများသည် အသက်ရှုခြင်းရှိမရှိ စစ်ဆေးရန် ဝေလငါးကို လှေဖြင့်ချဉ်းကပ်ခဲ့သည်။

ဓာတ်ပုံ။ အိုဆာကာပင်လယ်အော်ထဲ မျက်စေ့လည်လမ်းမှားလာတဲ့ ဝေလငါးကြီးမသေဆုံးခင်တွေ့ရစဉ်။

ယင်းသို့ စစ်ဆေးခဲ့ရာတွင် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။ အိုဆာကာဆိပ်ကမ်းနှင့် ဆိပ်ကမ်းအာဏာပိုင်တို့သည် သေဆုံးသွားသည့် ဝေလငါးအသေကောင်ကို ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။

၎င်းဝေလငါးကြီးကို ဇန်နဝါရီ (၉) ရက်နေ့မှ စတင်တွေ့ရှိပြီးကတည်းက ၎င်းသည် ယင်းနေရာတွင် ရှိနေခဲ့ပြီး ပင်လယ်ထဲသို့ ရွှေ့ပြောင်းရန် ခဲယဉ်းသည့်အတွက် သက်ဆိုင်ရာတို့က စောင့်ကြည့်ခဲ့ကြသည်။

အိုဆာကာပင်လယ်အော်သို့ မျက်စေ့လည် လမ်းမှားရောက်လာသည့် ဝေလငါးကြီးကို ဒေသခံပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြပြီး အမြန်ဆုံးကျန်းမာပြီး ပင်လယ်ထဲသို့ ပြန်သွားနိုင်ရန် ဆုတောင်းပေးခဲ့ကြသော်လည်း ယိုဒိုချန်ဟု နာမည်ပေးထားသည့် ဝေလငါးကြီးသည် သေဆုံးသွားပြီ ဖြစ်သည်။

Source: ဂျပန်ပြည်တွင်းသတင်းများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်ကာကွယ်ရေးဝန်ကြီးလောင်း ဟက်ဆက်ကို အာဆီယံအကြောင်းမေးရာ မဖြေနိုင်သဖြင့် အိမ်စာလုပ်ဖို့ ပြောဆိုခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီ (၁၆) ရက်၊ ထရမ့်အစိုးရအသစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ပီဟက်ဆက် (Pete Hegseth) ကို အတည်ပြုပေးနိုင်ဖို့ ဆီးနိတ်မှာ
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 25 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတဖမ်းဆီးထိန်းသိမ်းခံရတဲ့ဖြစ်စဉ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 24 Views
စစ်အုပ်ချုပ်ရေးကြေညာမှုဖြစ်စဉ်မှာ အပြစ်ရှိတယ်လို့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုလ်ဟာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး တောင်ကိုရီးယားသမိုင်းမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ပထမဆုံးအဖမ်းခံရတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ယွန်ဆွတ်ယိုဟာ ပြီးခဲ့တဲ့လအတွင်းက တိုင်းပြည်ကို အရေးပေါ်မာရှယ်လောထုတ်ပြန်ကြေညာကာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ရှောင်ရှားဖို့အတွက် နေအိမ်မှာ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

TikTok ကို အီလွန်မက်စ်ထံ ရောင်းချတော့မှာလား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 28 Views
အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ TikTok ရဲ့ ပိုင်ရှင်သစ်အဖြစ် ဘီလျံနာ အီလွန်မက်စ် မကြာခင်မှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အာာဏာပိုင်တွေဟာ TikTok လူမှုကွန်ယက် App ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်ထံ ရောင်းချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ကျောင်းသားတယောက် ပြုတ်ကျသေဆုံးမှုဖြစ်ပြီးနောက် ဆန္ဒပြပွဲများ အကြမ်းဖက်အသွင်‌ပြောင်းလာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 40 Views
ဇန်နဝါရီလ (၁၂) ရက်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီ (Shaanxi) ဒေသမှ ဗီဒီယိုများတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး သေဆုံးပြီးနောက် အာဏာပိုင်များက ဖုံးကွယ်ထားသည်ဟု စွပ်စွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

သမ္မတ ဇလန်းစကီးက “ ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားနှစ်ယောက်” ဓာတ်ပုံတွေကို ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 42 Views
ဇန်နဝါရီလ (၁၁) ရက်။ ဇန်နဝါရီလ (၁၁) ရက်နေ့က ယူကရိန်းသမ္မတ ဇလန်းစကီးက “ ကျွန်တော်တို့ရဲ့ စစ်သားတွေက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို အရှင်ဖမ်းမိပြီ” ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။ အဲ့ဒီမြောက်ကိုရီးရားစစ်သားတွေကို Kursk ဒေသမှာ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ဂျပန်နိုင်ငံသံမဏိကုမ္ပဏီကြီး နိပွန်းစတီးလ် (Nippon Steel) ဘိုင်ဒင်အစိုးရက အမေရိကန်သံမဏိလုပ်ငန်းအား ဝယ်ယူမှုကို ပိတ်ဆို့ရန် ဆုံးဖြတ်ချက်အတွက် အမေရိကန်အစိုးရကို တရားစွဲမည်ဟု ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 58 Views
ဇန်နဝါရီလ (၉) ရက်။ နိပွန်းစတီးလ်က ဒေါ်လာဘီလီယံပေါင်းများစွာပေး၍ ဝယ်ရန်အဆိုပြုထားသည့် အရှုံးပြ ရုန်းကန်နေရသည့် အမေရိကန်သံမဏိကုမ္ပဏီ (US Steel) ကို ပြီးခဲ့သည့် သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒင်က ပိတ်ဆို့ခဲ့ခြင်းကြောင့် အမေရိကန် အစိုးရအား တရားဥပဒေအရ အရေးယူရန်
နိုင်ငံတကာသတင်း အာရှ

ပျောက်ဆုံးနေတဲ့ တရုတ်မင်းသား ထိုင်းကို ရောက်ရှိနေသည်ဟု ထိုင်းရဲတပ်ဖွဲပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 70 Views
ဇန်နဝါရီလ (၇) ရက်။ ပျောက်ဆုံးနေသော တရုတ်မင်းသား ရှင်းရှင်း (Xingxing) သည် တက်ခ်ခရိုင် မဲဆောက်မြို့သို့ ရောက်ရှိလာကြောင်း ရဲစစ်ဆေးရေးမှူးဗိုလ်ချုပ် သက်ချိုင်း ပီတာနီလာဘွတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ သရုပ်ဆောင် တဦးဖြစ်သူ အမည်ရင်း ဝမ်ရှင်း