ကွယ်လွန်သူ အဲလ်ဗစ်စ်ပရက်စလေ၏ တစ်ဦးတည်းသော သမီးဖြစ်သူ ဂီတပညာရှင် လီစာပရက်စလေသည် ဇန်နဝါရီလ (၁၃) ရက်နေ့ ကြာသပတေးနေ့တွင် ကွယ်လွန်ခဲ့ကြောင်း သူ့မိခင် ပရီစီလာက ပြောကြားခဲ့သည်။ အသက် ၅၄ နှစ် ဖြစ် ကြောင်းသိရသည်။
လစ်ဆာမာရီသည် လော့စ်အိန်ဂျလိစ်မြို့ဆင်ခြေဖုံးရှိ Calabasas ရှိ သူမ၏နေအိမ်တွင် နှလုံးရပ်သွားသဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကြောင်း နာမည်ကြီးဝက်ဘ်ဆိုက် TMZ က ဖော်ပြခဲ့သည်။
၎င်း၏ဂီတလှုပ်ရှားမှုများအတွက် ၂၀၀၃ ခုနှစ်တွင် သူ၏ပွဲဦးထွက်အယ်လ်ဘမ် ထွက်ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ထွက်ရှိခဲ့သော သူ၏အယ်လ်ဘမ် “ Now What” သည် Billboard အယ်လ်ဘမ်ဇယား၏ထိပ်တန်း ၁၀ သို့ ဝင်ရောက်ခဲ့သည်။
သူမသည် လေးကြိမ်တိုင်တိုင် လက်ထပ်ခဲ့သူ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ပထမအိမ်ထောင်နှင့်ကွာရှင်းအပြီး ရက်ပေါင်း ၂၀ အကြာတွင် ကွယ်လွန်သူ ပေါ့ပ်စတား မိုက်ကယ်ဂျက်ဆင်နှင့် လက်ထပ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် မိုက်ကယ်ဂျက်ဆင်နှင့် ကွာ ရှင်းပြတ်စဲခဲ့ပြီး လက်ထပ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် မင်းသားနီကိုလပ်စ်နှင့် လက်ထပ်ခဲ့သော်လည်း လေးလအကြာတွင် ကွာရှင်းခဲ့သည်။
Source: ရိုက်တာ။