နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး အာရှ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ ထိုင်းဝန်ကြီးချုပ်ရွေးပွဲတွင် အနိုင်ရခေါင်းဆောင်ပီတာ လုံလောက်သည့် မဲမရရှိခဲ့။

ပီတာက “ကျွန်တော် လက်လျော့အရှုံးပေးမှာ မဟုတ်ပါ” ဟု ဆိုခဲ့သည်။


ဗျူဟာကို ပြန်လည်ပြင်ဆင်မည်ဟု ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းက ပြောသော်လည်း ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို မစွန့်လွှတ်ဟုဆိုသည်။ သူ့အနေနှင့် ဝန်ကြီးချုပ်ရာထူးအတွက် ထောက်ခံမဲ အပြည့်မရရှိဘဲ လွှတ်တော်တွင် ရှုံးနိမ့်သွားခဲ့ခြင်းအတွက် ပီတာလင်ဂျရွန်ရတ်က “ ကျနော် ကျရှုံးမှုကို လက်ခံပါတယ်။ ဒါပေမဲ့ ကျနော် အရှုံးပေးလက်လျော့လိုက်မှာတော့ မဟုတ်ပါဘူး” ဟု သောကြာနေ့ညနေပိုင်းတွင် သတင်းထောက်များကို ပြောဆိုသည်။

ပထမအကြိမ်လွှတ်တော်တွင် ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ပွဲတွင် ရှေ့သို့ပါတီ ခေါင်းဆောင်သည် လွှတ်တော်တွင်ထောက်ခံမဲ ၃၂၄ မဲ ရရှိခဲ့ပြီး သူ့အား ကန့်ကွက်မဲ ၁၈၂ မဲ ရှိခဲ့သည်၊ ၁၉၉ ယောက်သည် လွှတ်တော်သို့ တက်ရောက်ရန် ပျက်ကွက်ခဲ့သည်။

ထို့ကြောင့် သူဝန်ကြီးချုပ်ဖြစ်ရန် မဲ ၅၁ မဲ လိုအပ်ခဲ့သည်။ ရလဒ်ကို ထုတ်ပြန်ပြီးနောက် ပီတာက သတင်းထောက်များကို အထက်လွှတ်တော်အမတ်များကို ဖိအား အများအပြား အပေးခံနေရပြီး ယင်းအချက်ကြောင့် အထက်လွှတ်တော်အမတ်အများစုသည် လွှတ်တော်သို့ တက်ရောက်ရန် ရှောင်ရှားနေကြသည်ဟု ဆိုသည်။ သူတို့ကို ဖိအားပေးမှုတွေနဲ့ အခြားမက်လုံးများပေးမှုလည်း ရှိသည်ဟု ပီတာကဆိုသော်လည်း အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပါ။

“ အထက်လွှတ်တော်အမတ်တွေကို လူတွေနဲ့တန်းစီပြီး မဲပေးတာကို ခွင့်ပြုမထားဘူး” ဟု သူက ဆက်လက် ပြောပြသည်။
လူဦးရေ ၃၀ ထက်ပိုသော အထက်လွှတ်တော်အမတ်များသည် အစည်းအဝေးကို မတက်ရောက်ခဲ့ကြဘဲ တချို့ကနိုင်ငံခြားသို့ ခရီးထွက်နေကြပြီး တချို့က လွှတ်တော်ခန်းမမှ ထွက်သွားခဲ့ကြသည်ဟု ရွေးကောက်ပွဲ အနိုင်ရပါတီခေါင်းဆောင်က ပြောသည်။ “ကျနော့်ကို မဲပေးခဲ့ကြတဲ့ ဆီနေတာ ၁၃ယောက်ကို ကျနော် ကျေးဇူးတင်ပါတယ် အများစုက ဘာကြောင့်မတက်ရောက်ကြသလဲဆိုတာကို ကျနော်စုံစမ်း ကြည့်ပါ့မယ်”
ဟု ပီတာကဆိုသည်။

သူက မဲရလာဒ်ကို လက်ခံကြောင်း “ဒါပေမဲ့ လက်လျော့အရှုံးပေးမှာ မဟုတ်ဘူး” ဟု ဆိုသည်။ နောက်တကြိမ် ဝန်ကြီးချုပ်ရွေးပွဲအတွက် “ ထောက်ခံမှု ပိုရလာအောင် ဗျူဟာချပြီး လုပ်ဆောင်သွားမယ်” ဟု ပြောခဲ့ပါတယ်။

ပါလီမန်လွှတ်တော်ဥက္ကဋ္ဌ ဝမ်မိုဟာမက်နော်မာသာသည် ဝန်ကြီးချုပ်ရွေးပွဲ ဒုတိယအကြိမ်ကို ဇူလိုင် (၁၉) ရက်အဖြစ် သတ်မှတ်ပြီး တတိယအကြိမ် ရွေးကောက်ပွဲကို ဇူလိုင်လ (၂၀) ရက်သို့ ရေးဆွဲသတ်မှတ်ထားသည်။ မစ္စတာပီတာ၏အမည်ကို ထိုနေ့နှစ်ခုလုံးတွင် ထည့်သွင်းမည်ကိုမူ မသိရသေးချေ။ ကြာသပတေးနေ့က မဲမပေးခင် အချို့ပါလီမန်အမတ်များသည် ရှေ့သို့ချီ (Move Forward) ပါတီကို ဘုရင့်ဥပဒေကို ပြင်ဆင်ရန် ပြုလုပ်မှုအတွက် ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ ပါတီသည် အပေးအယူလုပ်ရန် ဆုံးဖြတ်ပါက ၎င်း၏မူဝါဒ ကတိကဝတ်များမှ ဥပဒေကို ပြောင်းလဲရန် အစီအစဉ်တချို့ကို ပယ်ဖျက်ပေးမည်ဆိုပါက မစ္စတာပီတာသည် လာမည့် မဲပေးပွဲတွင် အများစု အနိုင်ရရှိနိုင်သည်ဟု မျက်မှောက်ရေးရာများကို ပြောကြားသူ တချို့က ဆိုသည်။ ကြသပတေးနေ့ မဲပေးမှုအပြီးတွင် သတင်းထောက်များက မစ္စတာပီတာအား သူ့ပါတီအနေနှင့် ဘုရင့်ကို ကာကွယ်ပေးသည့် ဥပဒေ ပုဒ်မ ၁၁၂ ရာဇဝတ်မှု အပေါ်ရပ်တည်ချက်ကို ပြောင်းလဲမည်လားဟု မေးသည့်အခါ။

“ဒီအချက်ဟာ မပြောင်းလဲဘဲ ရှိနေပါတယ်” ဟု ပီတာက ခုခံပြောဆိုခဲ့သည်။ “ဒီနေ့ကျနော်တို့ပါလီမန်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးအများကြီး ရှင်းပြနိုင်တဲ့ အခွင့်အရေးရခဲ့ပါတယ်၊ ဒီအချက်ဟာ ကောင်းမွန်တဲ့ တိုးတက်မှုပါ” ဟု ပီတာက ဆိုသည်။

ခေတ်မျက်လုံးသတင်းမှ ဇူလိုင်လ (၁၃) ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ Pita: ‘I’m not giving up’ သတင်းကို ဘာသာပြန်လိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 28 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 37 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက် ရှိနေကြောင်း အသိအမှတ်ပြုလိုက်ပြီး၊ People’s Party ကမူ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 81 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 140 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 156 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 210 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 198 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့