ချင်းပြည်နယ်၊ မင်းတပ်မြို့က ခလရ(၂၇၄)ရှိ မြို့ဝင်ဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၃ရက်နေ့ နံနက် ၆နာရီအချိန်ကစပြီး မင်းတပ်မြို့က ခလရ (၂၇၄) ရှိ မြို့ဝင်ဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က တစ်နာရီခွဲကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။




ဒါ့အပြင် နံနက် ၁၀နာရီ ၄၇မိနစ်မှ ၁၁နာရီ ၂၀မိနစ်အချိန်အထိ စစ်ဆေးရေးဂိတ်တစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကာ တော်လှန်ရေးအဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
Era’sEye