စစ်ကိုင်း- ချင်းအစပ်ရှိ ကလေး – သိုင်းငင်းလမ်းကို ဒီကနေ့ ဇူလိုင် ၁၄ရက် ကစတင်ပြီး လတ်တလော အနေအထားတွင် လုံး၀ အသုံးမပြုကြဖို့ တီးတိန်အခြေစိုက် ချင်းကာကွယ်ရေးတပ်(CDF)-CDM စီးယင်းက ထုတ်ပြန်လိုက်ပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၁၁ရက်မှာ ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြတာပါ။ အဲဒီလို တိုက်ခိုက်ပြီးတဲ့ နောက် ဒီကနေ့မှာဲကလေး – သိုင်းငင်းလမ်းအသုံးမပြုရန် ပန်ကြားချက် ထုတ်ပြန်လာတာပါ။
ကလေးမြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်း အဓိက လမ်းမကြီးဖြစ်သည့် ကလေး – သိုင်းငင်း လမ်း အသုံးပြုနိုင်တဲ့အချိန်မှာ ပြန်လည်အသိပေးသွားမယ်လို့ဆိုပါတယ်။
ဇူလိုင် ၁၁ရက် သိုင်းငင်းစခန်း စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄ဦးလည်း ကျဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ထံမှ သေနတ် ၁လက်နှင့် ကျည် ၇၀၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့လည်းသိရပါတယ်။
Era’sEye /(ကလေး-သိုင်းငင်လမ်းပိုင်းတစ်နေရာ။ဓါတ်ပုံ-Taingen)