စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ညောင်ပင်စောက် (လဝက) ရုံး ရှေ့တွင် စစ်ဆေးရေး ပြုလုပ်နေသည့် စစ်ကောင်စီ အဖွဲ့ကို မုံရွာ PDF အဖွဲ့ က ဖေဖော်ဝါရီ (၁၃) ရက် ညနေပိုင်းမှာ မော်တော်ယာဥ်ပေါ်ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force သတင်းနှင့် ပြန်ကြားရေး ကသတင်းထုတ်ပြန်ထားပါတယ်။
မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ လမ်းပေါ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို အလစ်ဝင်ရောက်တိုက်ခိုက််ခဲ့တယ်လို့ Chindwin Attack Force သတင်းနှင့် ပြန်ကြားရေး က ထုတ်ပြန်ထားတာပါ။ အခုလို ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားတယ် လို့သိရပါတယ်။
အဲဒီ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys )က ဦးဆောင်ပြီး အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force ) ၊ မုံရွာခရိုင်တပ်ရင်း – ၄ တပ်ခွဲ ၄ 5 / Teachers People Defense Force PDF ၊ Spring Dove တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ရုပ်သံ – Chindwin Attack Force