နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

အမေရိကန်

အမေရိကန် အာရှ

ပထမဆုံးသော အာရှ-အမေရိကန် အမျိုးသမီး သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ရီပတ်ဘလီကန် ပါတီဝင် နစ်ကီဟာလေ က ၂၀၂၄ ခုနှစ်တွင် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဖေဖော်ဝါရီလ (၁၄) ရက် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ၎င်းသည် ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန် အမတ်လောင်းအဖြစ် ဒေါ်နယ်ထရန့်၏ ပထမဆုံးသော အဓိကပြိုင်ဘက် ဖြစ်လာမည်ဖြစ်သည်။

ဗီဒီယိုထဲတွင် နစ်ကီဟာလေက ဝါရှင်တန် အထက်တန်းလွှာ အစိုးရ၏ ထပ်ခါတလဲလဲ လွဲမှားမှုများကို ရှုတ်ချခဲ့ပါသည်။ယခုအချိန်သည် မျိုးဆက်သစ်များ ဦးဆောင်ကာ ဘဏ္ဍာရေးနှင့် နယ်စပ်ရေးရာ လုံခြုံရေးကို တာဝန်ယူရမည့်အချိန်ဖြစ်ပြီး နိုင်ငံတော်၏ စွမ်းအားနှင့် အမျိုးသားဂုဏ်ကို ပြန်လည်တည်ဆောက်ရမည့် အချိန်ဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

Photo: Photographer: Wade Vandervort/AFP/Getty Images

သူမသည် ဖေဖော်ဝါရီလ (၁၅) ရက် ကြာသပတေးနေ့တွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တောင်ကယ်ရိုလိုင်းနားပြည်နယ် ချားလ်စတန်တွင် သူမ၏ မဲဆွယ်စည်းရုံးရေးစတင်ရန် ပွဲတစ်ခုကျင်းပရန် စီစဉ်ထားသည်။

ပြီးခဲ့သောနှစ်က သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြေညာခဲ့သော ဒေါ်နယ်ထရန့်သည် မကြာသေးမီက “နစ်ကီဟာလေက သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း ဆက်သွယ်လာချိန်တွင် သူမအား “ ၀င်ရောက်ယှဉ်ပြိုင်သင့်သည်” ဟု ဖြေခဲ့ကြောင်း သတင်းထောက်များအား ပြောပြခဲ့သည်။

အိန္ဒိယမှ ရွှေ့ပြောင်းနေထိုင်သူ၏ သမီးဖြစ်သူ နစ်ကီဟေလီသည် ပါတီ၏ ရွေးချယ်မှုတွင် အောင်မြင်ပါက ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံရသည့် ပထမဆုံးသော အာရှ-အမေရိကန် အမျိုးသမီး ဖြစ်လာမည်ဖြစ်သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland)
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာဒူရို အဖမ်းခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်မည့် ဒယ်လ်စီ ရော်ဒရီဂက်ဇ် (Delcy Rodríguez) ဆိုသည်မှာ မည်သူနည်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 42 Views
CNN- ဇန်နဝါရီလ ၄ရက်၊ ၂၀၂၆ခုနှစ် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်စစ်ဆင်ရေးတစ်ခုအတွင်း သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) အဖမ်းခံရပြီးနောက်၊ တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလား၏ အုပ်ချုပ်ရေးအာဏာသည် အမှုဆောင် ဒုတိယသမ္မတ ဒယ်လ်စီ ရော်ဒရီဂက်ဇ်၏ လက်ထဲသို့
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတမာဒူရိုကိုအမေရိကန်တပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားမှု အပြည့်အစုံ နဲ့မြန်မာနိုင်ငံနဲ့နှိုင်းယှဥ်ကြည့်ခြင်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ့်ကို ထိတ်လန့်စရာ ကောင်းပြီး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ အဓိကဖြစ်ရပ်ကတော့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို အမေရိကန်တပ်ဖွဲ့တွေက
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

သမ္မတ ထရမ့်က ဗင်နီဇွဲလားတိုက်ခိုက်မှု “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု ပြောကြား၊ သမ္မတ မာဒူရိုနှင့် ဇနီးဖြစ်သူအား ဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခဲ့ဟုဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 27 Views
ဇန်နဝါရီလ (၃) ရက်။ အမေရိကန်သမ္မတ ထရမ့်သည် မြန်မာစံတော်ချိန် (၃) ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် ၎င်း၏ လူမှုကွန်ရက် (SNS) မှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံအား တိုက်ခိုက်မှုကို “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဆန္ဒပြသူများကို ကာကွယ်ရန် အမေရိကန်တွင် ‘အသင့်ပြင်ထားပြီးဖြစ်သည်’ ဟု ထရမ့်ပြောကြားသော်လည်း တပ်ဖြန့်မှုပမာဏ သိသိသာသာ ပြောင်းလဲခြင်းမရှိသေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် အီရန်အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပါက အမေရိကန်က အင်အားသုံး ကြားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ နံနက် အစောပိုင်းတွင် Truth Social မှတစ်ဆင့်