နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ကလေးသူငယ် ၄၀၀ကျော်အပါအဝင် လူပေါင်း ၃၆၀၀ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုများကြောင့် ကလေးသူငယ် ၄၀၀ကျော်အပါအဝင် လူပေါင်း ၃၆၀၀ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဇွန်လ ၁၃ရက်နေ့ကပြုလုပ်ခဲ့တဲ့ UNICEF Excutive Board နှစ်စဉ်ပုံမှန်အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောဆိုခဲ့ရာမှာ ယခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

မြန်မာမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၅သန်းကျော်ရှိလာပြီး ကလေးသူငယ် ၅ ဒသမ ၈သန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်လျက်ရှိတယ်လို့ ၎င်းက ဆိုပါတယ်။

ကလေးသူငယ်များ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်မည့် လုပ်ငန်းများသည် စစ်တပ်ရဲ့ ဖြတ် ၄ဖြတ်မူဝါဒဖြင့် တားဆီးပိတ်ဆို့ခံနေရကာ စစ်တပ်ရဲ့ ကျူးလွန်မှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ အလျင်အမြန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်အရေးယူမှုပြုလုပ်ရန် လိုအပ်တယ်လို့ ထပ်မံပြောပါတယ်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်အချို့သည် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများအန္တရာယ်မှ ရှောင်လွှားလျက် ယာယီရွက်ဖျင်တဲများ၊ ဗုံးခိုကျင်းများမှာ ပညာသင်ကြားနေရပြီး အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကလေးသူငယ် ၃ ဒသမ ၇သန်းခန့်မှာ စာသင်းကျောင်းများမှာ ပညာသင်ကြားနိုင်ခြင်းမရှိဘူးလို့ ဦးကျော်မိုးထွန်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 20 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 15 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 17 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 39 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 33 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 28 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 33 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 50 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့