တအာင်းတပ်(PSLF/TNLA)က ထီတစ်စောင်ကို ၂ထောင်ကျပ်နှုန်းဖြင့် အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀ထိ ချီးမြှင့်မယ့် တအာင်းထီကို ရောင်းချသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တအာင်းပညာရေးအတွက် ထောက်ပံ့ရန်ရည်ရွယ်ပြီး တအာင်းထီကို တအာင်းအမျိုးသားပညာရေးကော်မတီ(TNEC)က ဦးဆောင်ကာ ဇူလိုင်လ ၁ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆုကြေးငွေများအနေနဲ့ ကျပ်သိန်း ၅၀၀ဆုအပါအဝင် ကျပ်သိန်း ၁၀၀ဆု(၃ဆု)၊ ကျပ်သိန်း ၅၀ဆု(၅)ဆု၊ ကျပ် ၁၀သိန်းဆု(၇ဆု)၊ ကျပ် ၅သိန်းဆု(၁၀ဆု)နဲ့ ကျပ်တစ်သိန်းဆု(၅၀)ဆုအထိ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
ထီရောင်းချငွေရဲ့ ၃၀ရာခိုင်နှုန်းကို ဆုချီးမြှင့်သွားမှာဖြစ်ပြီး ၇၀ရာခိုင်နှုန်းကိုတော့ တအာင်းပညာရေးကို ထောက်ပံပေးသွားမည်ဖြစ်ကာ ထီလက်မှတ်တွေကို အွန်လိုင်းကရော ထီအရောင်းကိုယ်စားလှယ်တွေကပါတစ်ဆင့် ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။
ထီလက်မှတ်ဝယ်ယူခြင်းများကို တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအပါအဝင် လားရှိုးနဲ့ ကျောက်မဲမြို့ကဲ့သို့ စစ်တပ်ရှိတဲ့မြို့တွေမှာပါ ဝယ်ယူနိုင်တယ်လို့ ထီလုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့က ကြေညာထားတာဖြစ်ပါတယ်။
Era’sEye/Photo/TNLA ကရောင်းချမည့် ထီများကိုတွေ့ရစဥ်။