ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၈ နှစ်ပြည့် မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်သွားမယ်လို့သိရပါတယ်။
အဲဒီသပိတ်ကို ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်တယ်လို့ သပိတ် အင်အားစုတွေကပြောပါတယ်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် သောင်းနှင့်ချီသည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ပန်းသပိတ်ကို လုပ်ဆောင်ခြင်း ဖြစ်တယ်လို့သိရပါတယ်။
ပန်းသပိတ်တွင် ပါဝင်လိုတဲ့ ပြည်သူတွေအနေနဲ့က ဘုရားပန်းအိုး အသစ်တင်ခြင်း၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းတွင် ပန်းများထိုးခြင်း၊ ပန်းအလှများ ချိတ်ဆွဲပြင်ဆင်ခြင်း စသည့် ပန်းများကို အလှဆင်ယင်ခြင်းဖြင့် Online ကော offline ပါ ပါဝင်လုပ်ဆောင်နိုင်တယ်လို့ပြောပါတယ်။
ဒါ့အပြင် ပန်းနှင့် ပတ်သက်ဆက်နွှယ်သည့် လှုပ်ရှားမှုမျိုးစုံကို ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်နိုင်ပြီး ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားဘဲ မိမိ အဆင်ပြေသလို ဆောင်ရွက်လို့ရတယ်လို့ဆိုပါတယ်။
Era’sEye/Photo/CRD