၂၀၂၃ခုနှစ်မှာ မြို့နယ်တရားရုံးပေါင်း (၁၀၀)ဖွဲ့စည်းသွားနိုင်ဖို့ ရည်မှန်းထားတယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ မြို့နယ်တရားရုံးတွေက တရားသူကြီးတွေ ဩဂုတ်လ (၁၃)ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း မဖြစ်ပွားသင့်တဲ့ မှုခင်းတွေက တရားရုံးတွေမရှိသေးတဲ့ နေရာတွေမှာသာ အဖြစ်များနေတယ်လို့ သိရပါတယ်။
အရင်က မတူကွဲပြားတဲ့ ဌာန(၃)ခုဖြစ်တဲ့ တရားရေး၊ ဥပဒေနဲ့ အကျဉ်းဦးစီးဌာနတွေက အခုအခါ ဝန်ကြီးဌာနလက်အောက်မှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီဖြစ်တယ်လို့ ဆိုထားပါတယ်။
ဝန်ကြီးဌာနအနေနဲ့ သုံးချောင်းထောက်ပုံစံအပြင် ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်တယ်လို့ ဝန်ကြီး ဦးသိန်းဦးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။
#Era’sEye \News