နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းတွေ (၂)ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကိုင်းကနေထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေ (၂)ရက်ဆက်တိုက် မိုင်းဆွဲခံခဲ့ရတယ်လို့ Black Eagle Defence Force(MMU)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဩဂုတ်လ (၁၄)ရက်နေ့ ညနေ ၄နာရီ ၃၅မိနစ်အချိန်က စစ်ကိုင်းကနေ မုံရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီထောက်ပို့ကား (၁၆)စီးပါယာဉ်တန်းကို မြင်းမူမြို့နယ် အလ္လကပ္ပရွာနဲ့ ဝမ်းပြည့်ရွာကြားမှာ (၂)ကြိမ်ခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ပဒေသာမိုင်း (၄)လုံးနဲ့ (၂)ကြိမ်ခွဲကာ တိုက်ခိုက်ခဲ့တာကြောင့် (၁၂)စီးမြောက်ကားနဲ့ (၁၁)စီးမြောက်ကားတို့ ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနေ့ ညပိုင်း (၁၀)နာရီခွဲအချိန်ကလည်း စစ်ကောင်စီရဲ့ လိုက်ထရပ်ကား၊ တွဲကားအတိုနဲ့ ဆီကားတို့ပါတဲ့ ကား(၄)စီးယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ တွဲကားတစ်စီးနဲ့ ဆီကားတို့ ထိမှန်ပေါက်ထွက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အလားတူ အလ္လကပ္ပကျေးရွာနဲ့ ဘိုးမင်းကြီးကင်းရွာအကြားမှာ ညပိုင်း (၁၀)နာရီ (၃၃)မိနစ်ခန့်မှာ အထက်ပါယာဉ်တန်းကို ပဒေသာမိုင်း (၄)လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ (၄)စီးမြောက် ဆီကား ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ဒီကနေ့ ဩဂုတ်လ (၁၅)ရက် မနက် (၁၀)နာရီ (၅၀)မိနစ်အချိန်ခန့်မှာ အလ္လကပ္ပရွာနဲ့ ဘိုးမင်းကြီးကင်းအကြားမှာ စစ်ကောင်စီရဲ့ မိုးကာအုပ် ဖောကား (၄)စီးကို Mytel မိုင်းကြီး (၂)လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ဆီပေပါတွေတင်လာတဲ့ ဖောကား ထိမှန်ခဲ့တယ်လို့ ဆိုထားပါတယ်။

အခုလို စစ်ကောင်စီယာဉ်တန်းတွေကို စစ်ကောင်စီတပ်တွေ ကင်းပုန်း ခပ်စိပ်စိပ်ချထားတဲ့ကြားက မိုင်း (၁၅)လုံး၊ တစ်ဖက်ပွင့်ပြောင်း (၃)လုံး၊ (၆၀)မမ (၂)လုံးတို့ကို အသုံးပြုပြီး (၇)ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထောက်ပို့ကား (၅)စီး ထိမှန်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ Black Eagle Defence Force(MMU)နဲ့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 17 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ