နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး

Move Forward ပါတီခေါင်းဆောင်ပီတာ ခေါင်းဆောင်ရာထူးမှ နှုတ်ထွက်။

Move Forward ပါတီခေါင်းဆောင်ပီတာက ၎င်း၏နုတ်ထွက်မှုသည် Move Forward ပါတီသည် အတိုက်အခံခေါင်းဆောင်၏ အခန်းကဏ္ဍကို ထမ်းဆောင်နိုင်သည့်အမတ်ကို ရွေးချယ်ရန် ခွင့်ပြုမည်ဟု ပီတာမှ ပြောကြားခဲ့ပါသည်။


ပီတာသည် သူ့နေရာကို ဆက်ခံမည် Move Forward ပါတီ ခေါင်းဆောင်အား လွှတ်တော်တွင် အတိုက်အခံခေါင်းဆာင်အဖြစ် လုပ်ဆောင်နိုင်ရန်အတွက် Move Forward ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည်ဖြစ်သည်။ ပီတာသည် တိုင်းမ်မဂ္ဂဇင်း၏ စောင့်ကြည့်ရမည့် ကမ္ဘာ့လူငယ်ခေါင်းဆောင် ၁၀၀ စာရင်းတွင် ထည့်သွင်းထားခြင်းခံခဲ့ရသည်။ သူ၏နှုတ်ထွက်မှုကို သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့စက်တင်ဘာလ (၁၅) ရက်နေ့တွင် ရေးသားခဲ့ပြီး သူ၏ Move Forward ပါတီဝင်များအားလုံးနှင့် ပြည်သူလူထုသို့အကြောင်းကြား အသိပေးခဲ့သည်။


သူ့အသိပေးစာတွင် ပီတာက အတိုက်အခံအုပ်စုကြီးထဲတွင် လွှတ်တော်တွင်း၌ Move Forward ပါတီဝင်အမတ်များက အများစု အဖြစ် ရှိနေခဲ့သော်လည်း သူ့အနေနှင့် အတိုက်အခံ ခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အခြေခံဥပဒေခုံရုံးမှ သူ့အား လွှတ်တော်အမတ်တယောက်၏ တာဝန်ကို ထမ်းဆောင်နိုင်ရန်ကိစ္စကို ဆိုင်းငံ့ထားသောကြောင့်ဖြစ်သည်ဟု ရှင်းလင်းပြထားခဲ့သည်။


“လက်ရှိအခြေခံဥပဒေက ဘာပြောထားသလဲဆိုရင် အတိုက်အခံခေါင်းဆောင်ဟာ လွှတ်တော်မတ် ဖြစ်ရမှာဖြစ်ပြီး ထိပ်ဆုံး အတိုက်အခံပါတီကို ခေါင်းဆောင်ထားတဲ့သူလည်း ဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အခုထိအောက်လွှတ်တော် အမတ်တယောက်အနေနဲ့ ကျွန်တော်ရဲ့ တာဝန်ကိုထမ်းဆောင်ဖို့ မလုပ်ဆောင်နိုင်သေးပါဘူး။ ဒါအပြင် လာမဲ့ အနာဂတ်မှာလည်း အတိုက်အခံ ခေါင်းဆောင်အဖြစ် လုပ်ဆောင်ခွင့်ရမဲ့ အခြေအနေလည်း မရှိပါဘူး။”
“ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနဲ့ ပါတီလွှတ်တော်အမတ်များနဲ့ ဆွေးနွေးပြီးနောက် အတိုက်အခံ ခေါင်းဆောင်နေရာဟာ ပါလီမန် (လွှတ်တော်) စနစ်တွင် အလွန်အရေးပါတဲ့နေရာဖြစ်ပြီး အတိုက်အခံနေရာကို အဓိက အောက်လွှတ်တော်ရှိ အတိုက်အခံပါတီက ရယူရမှာ ဖြစ်တယ်လို့” ပီတာက ကောက်ချက်ချခဲ့ပါသည်။


“တည့်တည့်ပြောရမယ်ဆိုရင် အတိုက်အခံခေါင်းဆောင်နေရာကို Move Forward ပါတီက ရယူရမှာ ဖြစ်ပါတယ်။ အတိုက်အခံဟာ အစိုးရကို စောင့်ကြည့်ရေးနဲ့ စစ်ဆေးရေးကို လုပ်ဆောင်ရမယ့် တာဝန်ရှိပြီး အစိုးရပေါ်လစီထဲမှာ မပါတဲ့အကြောင်းအရာတွေကို ပြောင်းလဲ ထည့်သွင်းပေးဖို့ တွန်းအားပေးရမှာဖြစ်တယ်”။


“ကျွန်တော်အနေနဲ့ Move Forward ပါတီ ခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါမှပါတီက လုပ်နိုင်စွမ်းရှိသူ တယောက်ကို ရွေးချယ်ပြီး အတိုက်အခံ ခေါင်းဆောင်နေရာကို ရယူပြီး ကျွန်တော့်နေရာကို အစားထိုးယူနိုင်မှာ ဖြစ်ပါတယ်။”


ဟားဗတ်ကနေဒီနိုင်ငံရေးသိပ္ပံကျောင်းဆင်း အသက် (၄၃) နှစ်အရွယ် Move Forward ပါတီ ခေါင်းဆောင်က သူ့အနေနှင့် ပါတီခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်သော်လည်း သူ့အနေနှင့် Move Forward ပါတီနှင့် ပြည်သူများအတွက် သူ့တွင်ရှိသည့် စွမ်းအားများဖြင့် ဆက်လက်လုပ်ဆောင် နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာလ (၂၄) ရက်နေ့တွင် ပါတီခေါင်းဆောင်သစ်ကို ရွေးရန် Move Forward ပါတီဝင်များအားလုံး ဘန်ကောက်ဒင်းဒန်ဧရိယာရှိ Keelawes Building 1 သို့လာရောက်ကြရန် သူက ဖိတ်ခေါ်ထားသည်။


လေ့လာသူများ၏ခန့်မှန်းချက်အရ Move Forward ပါတီအထွေထွေ အတွင်းရေးမှူး ချိုင်သာဝတ် တူလာထွန် (Chaithawat Tulathon) သည် ပီတာ၏ နောက်ဆက်ခံသူ ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။
ဓာတ်ပုံ (၁) Move Forward ပါတီခေါင်းဆောင်ပီတာ
ဓာတ်ပုံ (၂) Move Forward ပါတီအထွေထွေအတွင်းရေးမှူး ချိုင်သာဝတ် တူလာထွန် (Chaithawat Tulathon)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 41 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 45 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 89 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
ကမ္ဘောဒီးယား ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထရမ့်၏ အပစ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 113 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက် ဘန်ကောက်၊  ရိုက်တာသတင်း — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာတွင် တိုက်လေယာဉ်များက ပစ်မှတ်များ ကို စနေနေ့တွင် တိုက်ခိုက်နေချိန်၌ ထိုင်းခေါင်းဆောင်က
ကမ္ဘောဒီးယား တရုတ် ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ပဋိပက္ခသည် လက်နက်ကောင်းကောင်း တပ်ဆင် ထားသည့် အမေရိကန်မဟာမိတ်နှင့် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် အားနည်းသော ပြိုင်ဘက်ကို ယှဉ်ပြိုင်စေခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 96 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများ သည် စွမ်းရည်နှင့် လူအင်အား ကွာဟမှုကြီးမားသော စစ်တပ်နှစ်ခုနှင့် ၎င်းတို့၏ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) နယ်နိမိတ်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲများ၏ သမိုင်းကြောင်းကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တိုက်ပွဲများ ဒုတိယမြောက်နေ့တွင်စစ်ရှောင် လာသူ တစ်သိန်းကျော်ရှိလာခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 651 Views
CNN- ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၅ရက် ဘန်ကောက်၊ ထိုင်း / ဖနွမ်းပင်၊ ကမ္ဘောဒီးယား -ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အငြင်းပွားနေသော နယ်စပ်တလျှောက်တွင် သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူတစ်ဒါဇင်ကျော် သေဆုံးပြီး
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများလာရောက်လည်ပတ်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စျေးကွက်အနေအထားကို ခိုင်မာစေရန်အတွက် ကမ်ပိန်းအသစ်များကို စတင်လိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 639 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက် ၂၀၂၅ ခုနှစ် ပထမငါးလ (ဇန်နဝါရီလမှ မေလ) အထိ ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် စုစုပေါင်း ၁၄သန်း ၃သိန်း ၆သောင်း ၂ ထောင်ကျော်
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

စောချစ်သူရဲ့ ငွေလိမ်ဂိုဏ်း ဘုရားသုံးဆူနဲ့ ရနောင်းကိုဆင်းလာပြီ

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 506 Views
မြန်မာ့အရေးထိုင်းအတွေး ဒီအပတ်ခေတ်မျက်လုံးရဲ့ မြန်မာ့အရေး ထိုင်းအတွေးကဏ္ဍမှာ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက မြဝတီက စောချစ်သူရဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တရုတ်ဒုစရိုက်ဂိုဏ်းသားတွေ မြဝတီကနေ ၆လအတွင်းထွက်ရမယ်ဆိုတော့ စောချစ်သူက မြဝတီကနေ ဘုရားသုံးဆူဖက်နဲ့ ရနောင်းဖက်ကို ရွှေ့ပေးနေတယ်ဆိုတဲ့ စိတ်ဝင်စားစရာသတင်းကို နားဆင်ရမှာဖြစ်ပါတယ်။နောက်ထပ်