မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ တအာင်းတပ်မတော် (TNLA)၊ မိုးကုတ် PDF နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၅ ရက် မနက် ၉ နာရီ ကျော်က မိုးကုတ်မြို့အနီး အထက်ညောင်ကုန်းနဲ့ အောက်ညောင်ကုန်းကျေးရွာကြားမှာ နေ့လယ် ၁၂ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်တပ်အကြား ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
မနေ့က အောက်တိုဘာ ၁၄ ရက် တိုက်ပွဲမှာ မိုးကုတ် PDF တပ်ရင်း (၁၂၂၁)က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ မိုးကုတ် PDF က မနေ့က အောက်တိုဘာလ (၁၄) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။