နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း အာရှ

နီပေါနိုင်ငံအလယ်ပိုင်းတွင် လေယာဉ်ပျက်ကျ အနည်းဆုံး လူ ၆၈ ဦး သေဆုံး

နီပေါဒေသတွင်းလေယာဉ်လိုင်း Yeti လေကြောင်းလိုင်းမှ မောင်းနှင်သည့် လေယာဉ်ငယ်သည် နီပေါနိုင်ငံအလယ်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့ရှိသည့် ပို့ခါရာမြို့အနီးတွင် ဇန်နဝါရီလ (၁၅) ရက်နေ့က ပျက်ကျခဲ့သည်။

လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း ၇၂ ဦး လိုက်ပါခဲ့သည်။ ယနေ့မွန်းလွဲပိုင်းအထိ အလောင်း ၆၈ လောင်းကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ လေကြောင်းအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ယင်းလေယာဉ်သည် မြို့တော်ခတ္တမန္ဒူမှ ပို့ခါရာမြို့သို့ (၁၅) ရက်နေ့ နံနက်ပိုင်းက ထွက်ခွာခဲ့ပြီး ပို့ခါရာမြို့လေဆိပ်သို့ ဆင်း သက်ခါနီး နံနက် ၁၁ နာရီခန့်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုဖိုင်တွင် လေယာဉ်အနီးမှ မီးတောက်များနှင့် မီးခိုးများ တက်လာသည်ကို တွေ့ရသည်။

ဓာတ်ပုံ။ နီပေါနိုင်ငံ၊ ပို့ခါရာမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်နေ့တွင် ပျက်ကျခဲ့သည့် လေယာဉ်ကို ဒေသခံများက ကြည့်ရှုနေကြစဉ်။ အေပီ။

ပို့ခါရာမြို့သည် ဟိမဝန္တာတောင်တန်းများနှင့် ရေကန်ဘေးရှုခင်းများကို ကြည့်ရှုရန် နိုင်ငံခြားမှ ခရီးသွားများ လာရောက် လည်ပတ်သည့် နာမည်ကြီး ခရီးသွားမြို့ဖြစ်သည်။ အဆိုပါ လေယာဉ်ပေါ်တွင် အိန္ဒိယမှ ငါးဦး၊ ရုရှားမှ လေးဦး၊ တောင်ကိုရီးယားမှ နှစ်ဦး၊ ပြင်သစ်၊ အိုင်ယာလန်၊ သြစတြေးလျနှင့် အာဂျင်တီးနားတို့မှ တစ်ဦးစီ အပါအဝင် နိုင်ငံခြားသားခရီးသည် (၁၅) ဦး ပါဝင်သည်။

ပို့ခါရာမြို့အနီးတစ်ဝိုက်ရှိ ဧရိယာသည် တောင်ထူထပ်ပြီး လေယာဉ်ပျက်ကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် မေလတွင် မြောက်ဘက်ရှိ ပို့ခါရာမြို့မှ ဂျွန်စွန်မြို့သို့ ပျံသန်းသည့် လေယာဉ်ငယ်သည် ၁၂ မိနစ်အကြာတွင် ပျက်ကျခဲ့ပြီး ပျောက်ဆုံးသွားခဲ့သည်။ အဆိုပါ လေယာဉ်ငယ်တွင် နီပေါနှင့် အိန္ဒိယလူမျိုးများ အပါအဝင် ခရီးသည်နှင့် အမှုထမ်း ၂၂ ဦး လိုက်ပါခဲ့သည်။

Source: အာဆာဟိဒစ်ဂျစ်တယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 21 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 137 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 68 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော