နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

နည်းပညာ

နည်းပညာ အာရှ

ဗီယက်နမ် အိုင်တီကုမ္ပဏီများသည် ဂျပန်ထံမှ အမှာစာများ ပိုမိုရရှိရန် အင်အားစုများကို ပူးပေါင်းဆောင်ရွက်လျက်ရှိ

 မဟာမိတ်အဖွဲဖွဲ့စည်းပြီး AI, Apps, blockchain စနစ်ဖြင့် လူငယ်အင်ဂျင်နီယာများကို ဆွဲဆောင်

တိုကျို- ဗီယက်နမ်၏အသေးစားနှင့် အလတ်စား သတင်းနည်းပညာကုမ္ပဏီ ၁၅ ခုသည် ဂျပန်ဖောက်သည်များ ထံမှ အမှာစာများ တိုးမြှင့်လက်ခံရယူနိုင်ရန် မဟာမိတ်ဖွဲ့ပြီး လာမည့်သုံးနှစ်အတွင်း လုပ်ငန်းတွင် ယန်း ၃ ဘီလီယံ (ဒေါ်လာ ၂၂ သန်း) ဆွဲဆောင်နိုင်ရန် မျှော်လင့်ထားသည်။

ဟနွိုင်းအခြေစိုက် ကုမ္ပဏီများသည် အောက်တိုဘာလတွင် Japan DX Partners (JDXP) ကို တည်ထောင်ခဲ့သည်။ ပါဝင်သည့်ကုမ္ပဏီများထဲတွင် ဟနွိုင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ဘွဲ့ရများအပြင် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency) လက်အောက်ရှိ ဂျပန်ဘာသာ IT လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးပရောဂျက်ကို တည်ထောင်ထားသူများလည်း ပါဝင်သည်။

ကုမ္ပဏီများ၏ ကျွမ်းကျင်မှုသည် ဉာဏ်ရည်တုစနစ်များ၊ blockchain နည်းပညာ၊ e-commerce နှင့် အခြားအရာများ ပါဝင်သည်။ ကုမ္ပဏီ ၁၅ ခု၏ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ထမ်းများမှာ လူ ၁၂၀၀ ခန့်ရှိသည်။ “ ဗီယက်နမ်မှာ ဂျပန်နဲ့ယှဉ်ရင် လူငယ်အင်ဂျင်နီယာတွေ အများကြီးရှိပြီး blockchain လိုမျိုး ကမ္ဘာ့အဆင့်မြင့်နည်းပညာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မှာပါ” ဟု မဟာမိတ်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် CodLUCK Technology ၏ CEO ဖြစ်သူ Nguyen Vu Hien က ပြောကြားခဲ့သည်။

Hien သည် ဟနွိုင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ် (Hanoi University of Science and Technology) တွင် အိုင်တီပညာကို လေ့လာခဲ့ပြီး ဗီယက်နမ်ရှိ ဂျပန်အိုင်တီကုမ္ပဏီများတွင် ၂၀၂၀ တွင် CodLUCK ကို မတည်ထောင်မီတွင် လုပ်ကိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်မတ်လတွင် ကုမ္ပဏီသည် non-fungible token (NFT) တည်ဆောက်မှုအား ပံ့ပိုးကူညီရန် ဝန်ဆောင်မှုကို စတင်ခဲ့သည်။ ဂျပန်ဈေးကွက်အတွက် JDXP ကို တည်ထောင်ခြင်းဖြင့်၊ ၎င်းသည် အမှာစာများရယူရန် ၎င်း၏စွမ်းရည်ကို ပိုမိုခိုင်မာစေရန် စီစဉ်ထားသည်။

JDXP သည် ဂျပန်ကုမ္ပဏီများထံမှ အမှာစာများ လက်ခံရရှိရန်အတွက် ဆက်သွယ်ရန်အချက်အဖြစ် ဂျပန်အလတ်စားစနစ် ပေါင်းစည်းရေးအစီအစဉ် Have a Talk နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်သည် ဗီယက်နမ်နိုင်ငံသို့ အလုပ်အချို့ကို လွှဲပြောင်းအစားထိုး လုပ်ကိုင်ဆောင်ရွက်ရန် စဉ်းစားနေသည့် ဂျပန်ကုမ္ပဏီများအပြင် Have a Talk ၏ တည်ထောင်ထားသော ဖောက်သည်ကုမ္ပဏီများထံမှ အမှာစာများ ရယူရန်ဖြစ်သည်။

Have a Talk အစီအစဉ်သည် ဖောက်သည်များ၏ အလုပ်ကိစ္စရပ်များကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်သော မဟာမိတ် ကုမ္ပဏီများအား အလုပ်ကို ပြီးစီးအောင်ခိုင်းစေခြင်းဖြင့် ဆောင်ရွက်ပေးသည်။ လာမည့်သုံးနှစ်အတွင်း JDXP သည် အမှာစာ ယန်းပေါင်းသန်း 600 ရရှိရန် မျှော်မှန်းထားသည်။ ဗီယက်နမ်သည် ဂျပန်ကုမ္ပဏီများအတွက် ကမ်းလွန် အိုင်တီစနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေပန်းစားသော နေရာတစ်ခု ဖြစ်လာနေခဲ့သည် ။

“အရင်တုန်းကတော့ ပြင်ပကနေပြီး ဗီယက်နမ် အိုင်တီကုမ္ပဏီတွေကို ခိုင်းစေခြင်းသည် ပုံမှန်အတိုင်း လူစွမ်းအားကို လုံခြုံစေခြင်းပဲဖြစ်တယ် တစ်စုံတစ်ဦးကို တိတိကျကျ တစ်ခုခု လုပ်ခိုင်းတာမျိုးပေါ့” ဟု Have a Talk မှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။ “ဒါပေမယ့်၊ ဂျပန်ထက် နည်းပညာစွမ်းရည် ပိုကောင်းတဲ့ ကုမ္ပဏီ အရေအတွက်ဟာ မကြာသေးမီနှစ်များအတွင်း တိုးများလာခဲ့ပြီး တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းတွေမှာလည်း ယုံကြည်စိတ်ချနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Nikkei Asia ပါ တာမာကီ ကယိုဇူကာ ရေးသားသည့် “Vietnamese IT company CodLUCK, part of an alliance of 15 companies, specializes in smartphone app and blockchain software development” ကို ခေတ်မျက်လုံးမှ ဘာသာပြန်ထားပါသည်။

ကုမ္ပဏီ ၁၅ ခု မဟာမိတ်အဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဗီယက်နမ်အိုင်တီကုမ္ပဏီ CodLUCK သည် စမတ်ဖုန်းအက်ပ်နှင့် blockchain ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဝန်ဆောင်မှုများ ပေးနေသည်။

(ဓာတ်ပုံအား CodLUCK မှ ကူးယူဖော်ပြသည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 156 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 269 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 269 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 330 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 551 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်ချေးငွေကို အများဆုံး လက်ခံရရှိသူမှာ အမေရိကန်ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 292 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် ပေကျင်း – ဝါရှင်တန်သည် နိုင်ငံများအား တရုတ်ချေးငွေများ လက်ခံခြင်း၏ အန္တရာယ်များ အကြောင်း နှစ်ပေါင်းများစွာ သတိပေးခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နှစ် ၂၀ အတွင်း ကမ္ဘာပေါ်တွင်
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်ထပ်မြင့်အဆောက်အအုံများစုပြုံလောင်ကျွမ်းခံရခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 230 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၇ရက် ဤမီးလောင်မှုသည် ဟောင်ကောင်၊ တိုင်ပေါ (Tai Po) ခရိုင်ရှိ အများပြည်သူ လူနေအိမ်ရာ အဆောက်အအုံကြီးဖြစ်သော ဝမ်ဖုခ် (Wang Fuk) တိုက်တန်းအိမ်ရာ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ သေဆုံးမှုနှင့်
ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 200 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့် ဆူမိုပြိုင်ပွဲတစ်ရပ်တွင် အနိုင်ရရှိခဲ့ပြီး၊ ယှဉ်ပြိုင်မှုပြင်းထန်သော ဤအားကစားနည်း၌ သူ၏ လျင်မြန်သော တိုးတက်မှုကို ချီးမွမ်းခြင်းခံခဲ့ရသည်။