နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယခုတော်လှန်ရေးမှာ ဘဏ်တည်ထောင်နိုင်ရေး စီစဉ်နေပြီလို့ NUG ဝန်ကြီး ဒေါက်တာတူးခေါင်ပြော

ယခုတော်လှန်ရေးမှာ NUGPay လည်ပတ်ဆောင်ရွက်နေပြီး ဘဏ်တည်ထောင်နိုင်ရေး စီစဉ်နေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ယနေ့ ဇွန်လ ၁၆ရက်နေ့ နံနက်ပိုင်းက NUG ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်နဲ့ ဝန်ကြီးဌာန CDM ဝန်ထမ်းများ Zoom မှတစ်ဆင့် တွေ့ဆုံခဲ့ရာမှာ ယခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယခုတော်လှန်ရေးမှာ ကိုယ်တိုင်ထုတ်လက်နက်များ ထုတ်လုပ်နိုင်ပြီး Drone များလည်း ထုတ်လုပ်နိုင်ပြီဖြစ်ကာ တော်လှန်ရေးအောင်မြင်ရန် အစဉ်တစိုက် ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးအတွက် စစ်ရေးပိုင်းမှာ ဦးစားပေးဆောင်ရွက်နေရတာကြောင့် CDM ထောက်ပံ့မှု အားနည်းခြင်းဖြစ်ကာ CDM ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးနိုင်ခြင်းမရှိတဲ့အတွက်လည်း ဝန်ကြီးက တောင်းပန်စကားပြောဆိုခဲ့ပါတယ်။

CDM များအနေနဲ့ စိတ်ဓါတ်မကျဘဲတော်လှန်ရေး ပြီးဆုံးသည်အထိ လက်တွဲသွားစေလိုကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က တွေ့ဆုံပွဲမှာ ထည့်သွင်းပြောဆိုခဲ့တယ်လို သိရပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 4 Views
“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂) တော်လှန်ရေးအောင်မြင်ရင် ဒီမိုကရေစီရလာနိုင်သလား ဆိုတဲ့ခေါင်းစဥ်နဲ့ ဒုတိယပိုင်း ဆွေး‌နွေးမှုအဖြစ် ဦးထွန်းအောင်ကျော်နဲ့ ရှေ့နေကြီးဦးကြီးမြင့်တို့ဆွေး‌နွေးမှုကို တင်ဆက် လိုက်ပါတယ်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာသတင်း

လေကြောင်းတိုက်ပွဲဝင်သူတွေ တိုက်ပွဲဝင်လိုစိတ် မြင့်မားနေရမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 9 Views
ဇန်နဝါရီလ (၁၇)ရက်။ လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ပျံသန်းတိုက်ပွဲဝင်မယ့်သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် မြင့်မားနေရမယ်လို့ မနေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းပွဲမှာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆)ရဲ့ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို မနေ့က နံနက်ပိုင်းအချိန်က
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့ စစ်ဆေးခဲ့ရာ စစ်ကောင်စီမီးသတ်တပ်ကြပ်တစ်ဦး ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 5 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့က တက်ရောက်စစ်ဆတာတွေ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် (၅၈၆)တပ်၊ (၃၄၃)တပ်နဲ့
မြန်မာသတင်း

မန္တလေးမှာ ဆိုက်ဘာဥပဒေအကြောင်းပြပြီး ဖမ်းဆီးခံရတဲ့လူငယ် (၁၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၇)ရက်။ ဆိုက်ဘာဥပဒေ အကြောင်းပြပြီး မန္တလေးမှာ ဖမ်းဆီးခံရတဲ့ လူငယ် (၁၂၂)ဦးထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ဆိုက်ဘာဥပဒေကို အကြောင်းပြပြီး လူငယ်တွေကို လမ်းမတွေပေါ်မှာ ဖုန်းတွေကို စစ်ဆေးဖမ်းဆီးကာ
မြန်မာသတင်း

တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလား (အပိုင်း ၁)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်နေသလဲ နဲ့ တော်လှန်‌ရေး အောင်မြင်လာရင် ဒီမိုက‌ရေစီရလာနိုင်သလားဆိုတဲ့မေးခွန်းတွေကို ဥပဒေပညာရှင်ဦးအောင်ထူးကို ဦးထွန်းအောင်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၁၂)ဦးဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီလ (၁၆)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၃)ရက်နေ့နဲ့ (၁၄)ရက်နေ့က အမ်းဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့တားဆီးတာကနေ ထိတွေ့တိုက်ပွဲတွေ