နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 10 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ယင်းမာပင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် (၉)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ် အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ (၁၅)ရက်နေ့ နေ့လယ် (၂)နာရီခန့်က ယင်းမာပင်မြိုနယ်၊ အရှေ့ခြမ်းကို ရွှေတောင်ဦးကုန်းပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ရွှေတောင်ဦးကုန်းကနေ လက်နက်ကြီးနဲ့ ပစ်တာပေါ့။ အဲ့ဒီမှာ အိမ်မှာအိပ်နေတဲ့ ကလေးကတော့ သေသွားတယ်။ အဖေဖြစ်တဲ့သူက နားရွက်ကိုမှန်သွားတယ်။ တခြား (၅)ဦးလောက်လည်း ဒဏ်ရာရတယ်လို့ပြောတယ်ဗျ။ ဒါပေမယ့် အတည်တော့မပြုနိုင်သေးဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ပေကုန်းကျေးရွာအတွင်းသို့ ကျရောက်ခဲ့ကာ (၉)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့သလို ဖခင်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်က ရွာဘက်ကို လက်နက်ကြီးမပစ်ခင် တစ်ရက်ပေါ့။ ဝမ်ပေါင်ကနေ ကြေးနီကားတွေမထွက်ခင် စစ်ကြောင်းဝင်ပြီး ဒေသခံတွေကို ဖမ်းသွားတာရှိတယ်။ ဒေသခံတွေကို မိုင်းကွင်းရှင်းဖို့အတွက်ဆိုပြီး ဖမ်းသွားတာ အခုထိပြန်မလွှတ်ပေးသေးဘူး”လို့ ၎င်းက ထပ်မံပြောပါတယ်။

ဒါ့ပြင် ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီတင်တဲ့ကားတွေ မထွက်ခင်မှာလည်း ဆားလင်းကြီးမြိုနယ်၊ ကံကုန်းကျေးရွာနဲ့ ဒုန်းတောကျေးရွာကို စစ်ကြောင်းဝင်ပြီး ဒေသခံတွေကို မုံရွာ-ပုသိမ်လမ်းပိုင်းမှာ မိုင်းကွင်းရှင်းဖို့ဆိုပြီး ဩဂုတ်လ (၁၄)ရက်နေ့က ဖမ်းဆီးသွားခဲ့ကာ အခုချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ စစ်ကိုင်းတိုင်းရှိ ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းတွေကို လုယူကာ မီးရှို့ဖျက်ဆီးကြသလို တစ်နေ့ထက်တစ်နေ့ စစ်ရာဇဝတ်မှုတွေကို ပိုမိုကျူးလွန်နေတယ်လို့ ဒေသခံ‌တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 64 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို