လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို စက်တင်ဘာလ (၁၅) ရက်နေ့က ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
“ အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆီသို့” စာသားပါ ဘန်နာကို ကိုင်စွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။









စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး General Strike Committee(GSC), North Dagon Oppressed People’s Strike Coalition (NDOPSC), ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ) နဲ့ Burmese Youth Revolutionary Force (BYRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။