ကုလသမဂ္ဂညီလာခံမှာ ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ခန့်အပ်ပေးရေး လှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့မှာ ဒီကနေ့ စက်တင်ဘာလ (၁၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
(၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာပြည်သူတွေရဲ့ သံအမတ်ဖြစ်တဲ့ ဦးကျော်မိုးထွန်းကို ခန့်အပ်ပေးရေးအတွက် “ Our Ambassador Our Voice” “ ငါတို့သံအမတ် – ငါတို့အသံ” ခေါင်းစဉ်နဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို Kyimyindaing Networks(KMD18), Mayangone Democratic Front (MDF) နဲ့ ကြည့်မြင်တိုင်-မရမ်းကုန်း တော်လှန်ပြည်သူအင်အားစုတွေ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။