နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 14 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကိုင်း အင်းတော်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတာကြောင့် ဘုန်းကြီးတပါးနဲ့ ကပ္ပိယတို့ သေဆုံးခဲ့

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်ရှိ ခရမ်းစပ်ကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တင်ဘာလ (၁၅)ရက်နေ့ ည (၈)နာရီအချိန်မှာ Jet Fighter နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


အခုလို စစ်တပ်က Jet Fighter နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး ကပ္ပိယတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးဟာ အရှင်ရာဇိန္ဒဖြစ်ပြီး သက်တော် (၇၇)၊ ဝါတော် (၅၇) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ဗုံးကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ဇရပ်ဆောင်နဲ့ ကျောင်းမကြီးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက် အင်းတော်စစ်တပ်ကုန်းက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ကာ ပြည်သူတစ်ဦးရဲ့ နေအိမ်နဲ့ ဆိုင်ကယ်တို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သတင်းထုန်ပြန်ချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တီမောသမ္မတရဲ့ မြန်မာပြည်တွင်းရေး ပြောဆိုတာတွေအပေါ် စစ်ကော်မရှင်ပယ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 6 Views
နေရာဒေသအများစု တည်ငြိမ်အေးချမ်းနေတယ်ဆိုပြီး ဗြောင်လိမ်ပြန် ‌ဇွန်လ (၄)ရက်။ နိုင်ငံတကာဖိုရမ်တွေမှာ တီမောနိုင်ငံသမ္မတက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ပြောဆိုတာတွေအပေါ် စစ်ကော်မရှင်က ဒီကနေ့မှာ
မြန်မာသတင်း

မကွေးတိုင်းထဲ စစ်ကား (၂)စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံပန်းအချို ဖမ်းမိခဲ့တယ်လို PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 5 Views
‌ဇွန်လ (၄)ရက်။ ပြီးခဲ့တဲ့လက မကွေးတိုင်းစစ်ဌာနထဲရှိ စစ်ဆင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး PDF က ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ မေလ(၂၂) ရက်က
မြန်မာသတင်း

စစ်(၃)စစ်နဲ့ ၂၀၀၈ခြေ/ဥကို တိုက်ဖျက်ဖို ကလလတ တိုက်တွန်း‌

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 5 Views
စစ်(၃)စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ကုန်စင်အောင် တိုက်ဖျက်ကြဖို (၆၂)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က တိုက်တွန်းထားတယ်လို သိရပါတယ်။ ၁၉၄၈ခုနှစ် မတ်လမှာစတင်ခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကနေ ဒီကနေ့ နွေဦးတော်လှန်ရေးအဆုံး အုပ်စိုးသူအဆက်ဆက်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတွေမှာ
မြန်မာသတင်း

ဖရူဆိုမြိုရှိ ကျေးရွာ (၃)ရွာက နေအိမ် (၈၀)ကျော်ကို စစ်တပ် အကြောင်းမဲ့ မီးရှိဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 5 Views
‌ဇွန်လ (၃)ရက်။ ဖရူဆိုမြိုရှိ ကျေးရွာ (၃)ရွာက အရပ်သားနေအိမ်တွေကို စစ်ကောင်စီက မီးရှိဖျက်ဆီးခဲ့တယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လကနေ မေလအထိ ဖရူဆိုမြိုနယ်ထဲ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ
မြန်မာသတင်း

တရုတ်သူလျှိုများသည် အွန်လိုင်းအလုပ်အကိုင်ပလက်ဖောင်းများကို အသုံးပြုပြီးလူသစ် စုဆောင်းရေးလုပ်ဆောင်ရန် နေကြောင်း “ Five Eyes” လုံခြုံရေးမဟာမိတ်အဖွဲ့ သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 5 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် လန်ဒန် (ရိုက်တာ) —အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်သည့် “Five Eyes” (မျက်လုံးငါးလုံး) မဟာမိတ်အဖွဲ့မှ လုံခြုံရေးအေဂျင်စီများသည် တရုတ်သူလျှိုများသည် လျှို့ဝှက်အချက် အလက်များကို
မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 89 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 82 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။ “ ယောဒေသ ကျောက်ထုဘက်ကနေ အင်အားထောင်ချီ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တွေ မင်းတပ်မြို့နဲ့
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့