နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 23 ရက်

နည်းပညာ

နည်းပညာ နိုင်ငံတကာ အနုပညာ နိုင်ငံတကာစီးပွားရေး လက်တင်အမေရိက အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ရုရှား အရှေ့ဖျားရှိ တိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်စဉ် တိုက်လေယာဉ်အတွင်းပိုင်းကို ကင်ဂျုံအွန်အား ရုရှားက ထုတ်ဖော်ပြသ။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားတိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်ခွင့်ရပြီး တိုက်လေယာဉ်မျးကို အနီးကပ်ကြည့်ရသည့်အတွက် “ နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားရလောက်အောင် အလွန်အမှတ်ရဖွယ်” ဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။


ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မှု စတုတ္ထမြောက်နေ့ဖြစ်သော ၁၅ ရက်နေ့တွင် ကင်ဂျုံအွန်သည် အရှေ့ဖျားရှိ Komsomolsk-on-Amur ရှိ ယူရီဂါဂါရင်လေယာဉ်စက်ရုံသို့ သွားရောက်ခဲ့သည်။ “ ရုရှားလေယာဉ် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း၏ ကြွယ်ဝသော လွတ်လပ်သော အလားအလာနှင့် ခေတ်မီမှု” ကြောင့် သူအလွန် စိတ်လှုပ်ရှားခဲ့ရသည်ဟု ဆိုခဲ့ကြောင်း အစိုးရပိုင် Korean Central News Agency (KCNA) က ၁၆ ရက်နေ့ တွင် ဖော်ပြခဲ့သည်။
ကင်ဂျုံအွန်သည် စမ်းသပ်လေယာဉ်မှူးတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ပဉ္စမမျိုးဆက် Su-57 တိုက်လေယာဉ်ပေါ် တက်ရောက်ကြည့်ရှုခဲ့ပြီး စမ်းသပ်ပျံသန်းခဲ့သည်။


KCNA ၏ အဆိုအရ ၎င်းက “ ရုရှားလေကြောင်းနည်းပညာကို လှိုက်လှိုက်လှဲလှဲ လေးစားပါတယ်” ဟု ဆိုပြီး အလားအလာရှိသော ပြင်ပခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန် လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးခဲ့ပြီး ၎င်းစက်ရုံက အနာဂတ်တွင် အောင်မြင်ပါစေကြောင်း ဆုတောင်းခဲ့သည်။ ခရီးစဉ်အပြီးတွင် စက်ရုံဧည့်လမ်းညွှန်စာအုပ်တွင် လက်မှတ်ရေးထိုးပေးခဲ့သည်။


ကင်၏ခရီးစဉ်အပြီးတွင် ရုရှားဒုဝန်ကြီးချုပ် ဂျယ်နစ်စ်မန်တူရာဗာ (Denis Manturov) က လေယာဉ်ထုတ်လုပ်ရေးနှင့် အခြားစက်မှုလုပ်ငန်းများတွင် ရုရှားနှင့် မြောက်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ခြေကို ထောက်ပြခဲ့သည်။ နှစ်နိုင်ငံလုံး ကိုင်တွယ်ဖြေရှင်းနေသည့် နည်းပညာဆိုင်ရာ အချုပ်အခြာ အာဏာရရှိရေးကိစ္စနှင့် အထူးသက်ဆိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် SNS Telegram တွင် အစိုးရမှ ထုတ်ပြန်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကို ထုတ်ဖော်ပြောဆိုခဲ့သည်။
Source: CNN, Japan
ဓာတ်ပုံ (၁) /ကင်ဂျုံအွန် (ဘယ်) သည် ရုရှားနိုင်ငံ အရှေ့ဖျားရှိ တိုက်လေယာဉ်စက်ရုံသို့ လာရောက်စဉ် တိုက်လေယာဉ်၏ လေယာဉ်မှူးခန်းတွင် ထိုင်နေစဉ်။ KCNA/Reuters
ဓာတ်ပုံ (၂) /ကင်ဂျုံအွန်သည် တိုက်လေယာဉ်၏ လေယာဉ်မှူးခန်းအနီးတွင် စကားပြောဆိုနေစဉ်/KCNA/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 21 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 17 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြည်ပတွင် ဆိုင်းငံ့ထားသော အီရန်၏ ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် အီရန်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် အစပိုင်းတွင် ငြင်းဆန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် အီရန်နှင့် အမေရိကန်တို့အကြား ကနဦးဆွေးနွေးပွဲများ ပြီးဆုံးသွားပြီး ကောင်းမွန်စွာ ပြီးမြောက်ခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများထံမှ သတင်းရရှိထားပါသည်။ သို့သော်လည်း ဆွေးနွေးပွဲများသည် ထိုနေ့အစောပိုင်းတွင် မည်ကဲ့သို့ ပျက်ပြားလုနီးပါးဖြစ်ခဲ့ရသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို အီရန်ဘက်က ထပ်မံထုတ်ပြန်ခဲ့ပြီး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ပထမအကျော့ဆွေးနွေးပွဲတွင် “ အားတက်ဖွယ်တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ယခုအခါ ပြီးဆုံးသွားပြီဖြစ်သော အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို “အပြုသဘောဆောင်ပြီး တည်ဆောက်မှုရှိသော အဝန်းအဝိုင်း” တွင် ကျင်းပခဲ့ကာ “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့၏