နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ဓားစာခံများအားလုံးကို မလွှတ်ပေးပါက ဂါဇာကမ်းမြောင်ဒေသတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေးကို သဘောတူမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ထပ်လောင်းပြောဆို

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်။

နိုဝင်ဘာ ၁၂ ရက်နေ့ CNN နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အစ္စရေးဝန်ကြီးချုပ်နေတင်ယာဟုက ဓားစာခံများအားလုံးကို မလွှတ်ပေးပါက ဂါဇာကမ်းမြောင်ဒေသတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေးကို သဘောတူမည်မဟုတ်ကြောင်း ၎င်း၏ ခိုင်မာသောရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသခံများကို ကယ်ထုတ်ရန် တိုက်ပွဲများ ပိုမိုကြာကြာ ဆိုင်းငံ့ထားရန် စဉ်းစားနိုင်သလားဟု အင်တာဗျူးတစ်ခုတွင် နေတန်ယာဟုက ”ဒါဟာ ယာယီ ဆိုင်းငံ့တာ မဟုတ်ပါဘူး။” “ဟားမတ်စ်က သူတို့အပေါ် တိုက်ခိုက်မှုတွေ ရပ်သွားအောင် ဆိုင်းငံ့ထားဖို့ အဓိက ကြိုးစားနေပါတယ်။” ဟု ၎င်းက ပြောဆိုခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်အဖွဲ့၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုကို တားဆီးရန် ပျက်ကွက်မှုအတွက် တာဝန်ယူမည်လားဟု မေးမြန်းရာတွင် ၎င်းသည် ခက်ခဲသော်လည်း တရား၀င်မေးခွန်းဖြစ်ကြောင်းနှင့် စစ်ပွဲပြီးပါက ဖြေမယ်ဟု ပြောကြားခဲ့ပါသည်။ “အခုလိုအပ်နေတာက စစ်ပွဲနိုင်ဖို့ဆိုတဲ့ အောင်ပွဲပန်းတိုင်ကို အရောက်လှမ်းနိုင်ရေးကို ဦးတည်ပြီး နိုင်ငံတော်ကို စည်းလုံးညီညွတ်အောင် လုပ်ဖို့ပဲ” ဟု ၎င်းက ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ ရည်မှန်းချက်များမှာ (၁) ဟားမတ်စ်များကို ချေမှုန်းရန်နှင့် အလားတူတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နိုင်သည့် စွမ်းရည်ကို ချေမှုန်းရန်၊ (၂) စစ်ပွဲအပြီး ဂါဇာကမ်းမြောင်ဒေသကို အကြမ်းဖက်မှုများ ပြန်လည်မဖြစ်ပွားရန် အစ္စရေးစစ်တပ်က စီမံခန့်ခွဲရန်၊ (၃) စစ်ပွဲအပြီး ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ရန် ဆိုသည်မှာ အရပ်ဘက်အာဏာပိုင်များက စစ်မဲ့အင်အား ဖြတ်တောက်ခြင်း (လက်နက်ဖျက်သိမ်းခြင်း) နှင့် အကြမ်းဖက်မှုများကို မဖြစ်အောင်ပြုလုပ်ဖို့ သဘောတူညီချက် လိုအပ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ဤအခြေအနေနှင့် မကိုက်ညီကြောင်း ပြောခဲ့သည်။

ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သည့် ရှီဖာဆေးရုံကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ ၎င်းက ယင်းဆေးရုံသည် ဟားမတ်စ်ဌာနချုပ်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပြီး အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ထပ်မံတောင်းဆိုခဲ့သည်။ အစ္စရေးဘက်က ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေ ထူထောင်ထားတယ်ဟု ၎င်းက အလေးပေး ပြောကြားပြီး “လူနာတွေကို ဖယ်ထုတ်လို့မရတဲ့ အကြောင်းပြချက် မရှိပါဘူး´´ ဟု ပြောကြားခဲ့သည်။

ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ၁၂ ရက်နေ့ တွင် ကြေညာခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက အဆိုပါ လမ်းကြောင်းမှတစ်ဆင့် မည်သူ့ကိုမျှ ကယ်ထုတ်နိုင်ခြင်း မရှိကြောင်း သိရသည်။

အစ္စရေးက ဂါဇာမြောက်ပိုင်းမှနေထိုင်သူများကို တောင်ဘက်သို့ ရွှေ့ပြောင်းရန် အမိန့်ပေးပြီးနောက် အရပ်သားသေဆုံးမှု အရေအတွက်ကို အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ထားသည်ဟု နေတင်ယာဟုက အခိုင်အမာ ပြောကြားခဲ့သည်။

Source/Photo: CNN Japan

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 68 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်