နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

1027 Operations

1027 Operations မြန်မာသတင်း

မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်းတွင် ကိုးကန့်အလံလွှင့်ထားဟု သတင်းများထွက်ပေါ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။

ဒီကနေ့ ဒီဇင်ဘာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီစခန်းကုန်းမှာ ကိုးကန့်တပ် (MNDAA အလံလွှင့်တင်ထားတာကို တွေ့မြင်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ မူဆယ် ၁၀၅ မိုင်မှာရောက်ရှိနေတဲ့ ကားသမားတစ်ဦးကို ခေတ်မျက်လုံးက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ သူ မသိသေးကြောင်းနဲ့ မနက်ကတည်းက လေယာဉ်နဲ့ တောက်လျှောက်ပစ်နေပြီး နေ့လည်လောက်မှာ ခဏရပ်သွားပြီး မွန်းလွဲပိုင်းမှာ တစ်ခေါက်လာရောက်ပစ်ခတ်သွားကြောင်း ပြောပါတယ်။ မနေ့ညကလည်း ည (၉) နာရီအထိ စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိ TNLA ထိန်းချုပ်နယ်မြေထဲကနေ သွားရတာဖြစ်ပြီး မူဆယ်၊ နမ့်ခမ်း၊ မိုင်းဝီး၊ မိုင်းမော်၊ နမ္မတူနဲ့ လားရှိုးကို တောလမ်းကနေ မောင်းရတာလို့ ပြောပါတယ်။

ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင်တပ်တော် ( AA) တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်အနီးရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်းရှိ စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်နိုင်ဖို့ နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက တိုက်ခိုက်နေခဲ့တာလို့ သိ

ရပါတယ်။

ကုန်သွယ်ရေးဇုန်အတွင်းရှိ စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။

ညီနောင်သုံးဖွဲ့ဟာ ၁၀၅ မိုင်ရှိ နမ့်ပေါ်တံတားတပ်စခန်း၊ ၁၀၅ မိုင်အဝင်တပ်စခန်းနဲ့ ကျင်စန့်ကျော့ဂိတ်တို့ကိုလည်း သိမ်းပိုက်ထားခဲ့ပြီး အဲ့ဒီနေရာကို TNLA က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

မူဆယ်မြို့ကိုတော့ လက်ရှိ အချိန်မှာ စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား စစ်ရပ်စဲပြီး ဆွေးနွေးဖို့ မိမိတို့တရုတ်ပြည်က မရပ်မနား ကြိုးစားနေပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ အခုလျော့နည်းနေပါတယ်။ အဲဒါဟာ သက်ဆိုင်ရာအဖွဲ့တွေအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက တရုတ်မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Mao Ning က ဒီဇင်ဘာလ (၁၄) ရက်နေ့က ပြောကြားခဲ့ပြီးတဲ့နောက် ကိုးကန့်ဘက်မှာတော့ တိုက်ပွဲတွေလျော့နည်းနေပြီး လောက်ကိုင်ကိုလည်း စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို