နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 23 ရက်

နည်းပညာ

နည်းပညာ နိုင်ငံတကာစီးပွားရေး အာရှ ဥရောပ

မိုဘိုင်းဖုန်းကွန်ရက်နှင့် ရုရှနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု

ရုရှနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် အာဖရိကနိုင်ငံနဲ့ ဥရောပသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေက ရုရှနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ဒီလိုချမှတ်ခဲ့တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေထဲမှာ နည်းပညာ ရောင်းချတာနဲ့ နည်းပညာ ဝန်ဆောင်မှု တွေလည်း ပါပါတယ်။ အဲဒီတော့ နည်းပညာဆိုင်ရာ ပိတ်ဆို့မှုထဲမှာ အကျုံးဝင်တဲ့ ကိစ္စရပ်တစ်ခုကို ပြောချင်ပါတယ်။ မိုဘိုင်းဖုန်း (mobile phone) ပါ။

ဒီနေ့ခေတ်မှာ မိုဘိုင်းဖုန်းဆိုတာ လူသားတိုင်းအတွက် မရှိမဖြစ် အသုံးဆောင် ဖြစ်နေပါပြီ။ လက်တဖဝါးစာသာရှိတဲ့ ဒီမိုဘိုင်းဖုန်းကနေ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း ဆက်သွယ်ရေးကနေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အထိ လုပ်ကိုင်လို့ရပါတယ်။ ပညာရေးအတွက် အသုံးဝင်သလို ဖျော်ဖြေရေး အတွက်လည်း အသုံးချလို့ရပါတယ်။ ငွေပေးချေတာ အပါအဝင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေအတွက်လည်း မရှိမဖြစ် ဖြစ်နေပါပြီ။ ကိုဗစ်ကပ်ရောဂါကြောင့် Zoom Meeting လို အရာမျိုးက ကမ္ဘာ့လူသားတွေရဲ့ နေ့စဉ်ဘ၀ ဖြစ်လာပါတယ်။ ထိုင်ရာကမထ တခဏချင်း ကိုယ်လုပ်ချင်တဲ့ အရာများကို မိုဘိုင်းဖုန်းကနေ ဆောင်ရွက်ပြီးစီးနိုင်တာဟာ ဒီကနေ့ ကမ္ဘာ့ကြီးရဲ့ အပျက်သရုပ် လက္ခဏာ ဖြစ်နေပါပြီ။

မိုဘိုင်းဖုန်း ဝန်ဆောင်မှုတွေကို စက္ကန့်မလပ် ချောချောမောမော အသုံးချနိုင်ဖို့အတွက် ထောက်ပံ့လည်ပတ် ပေးတဲ့ မိုဘိုင်း ဖုန်း ကွန်ရက်တွေက လုံခြုံ၊ စိတ်ချ၊ အားကိုးအားထား ပြုနိုင်တဲ့ အနေအထားမျိုးကို (၂၄) နာရီပတ်လုံး ထိန်းသိမ်းထားနိုင်စွမ်း ရှိရပါမယ်။ ဒီနေရာမှာ မိုဘိုင်းဖုန်း ကွန်ရက်ဆိုင်ရာ ကိရိယာ အသုံးအဆောင်တွေနဲ့ နည်းပညာတွေက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။ ရုရှနိုင်ငံဟာ မိုဘိုင်းဖုန်းဆိုင်ရာကိရိယာ အသုံးအဆောင်တွေနဲ့ နည်းပညာတွေ အတွက် ပြည်ပနိုင်ငံတွေအပေါ် အားပြုနေရတာပါ။

Nokia နဲ့ Ericsson ကုမ္ပဏီတွေဟာ ရုရှ မိုဘိုင်းဖုန်း ကွန်ရက်ဆိုင်ရာ ကိရိယာ အသုံးအဆောင်၊ နည်းပညာ ဈေးကွက်ရဲ့ (၅၀) ရာခိုင်နှုန်း ဝန်းကျင်ကို ရောင်းချ ဝန်ဆောင်မှု ပေးနေပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ကစပြီး Nokia နဲ့ Ericsson ကုမ္ပဏီတွေဟာ ရုရှနိုင်ငံကို မိုဘိုင်းဖုန်းကွန်ရက်ဆိုင်ရာ ကိရိယာ အသုံးအဆောင်တွေ ရောင်းချမှာ မဟုတ်တော့သလို၊ နည်းပညာ ဝန်ဆောင်မှုတွေကိုလည်း ပေးအပ်တော့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ နည်းပညာ ဝန်ဆောင်မှုရဲ့ အရေးပါမှုကို ထောက်ပြလိုပါတယ်။ မိုဘိုင်းဖုန်းကွန်ရက်တွေ လုံလုံခြုံခြုံ၊ ချောချော မောမော လည်ပတ်နိုင်ဖို့ဆိုရင် software တွေကို အမြဲ အဆင့်မြှင့်တင်ပေးနေဖို့ လိုပါတယ်။

Nokia နဲ့ Ericsson ကုမ္ပဏီတွေက ၂၀၂၂ ခုနှစ်ထဲကို ဝင်လာတာနဲ့ ရုရှနိုင်ငံအတွက် ဒီလို software အဆင့်မြှင့်တင်ပေးတဲ့ ဝန်ဆောင်မှုကို လုံး၀ပေးတော့မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ Huawei ကုမ္ပဏီဟာ ရှရှ မိုဘိုင်းဖုန်း ကွန်ရက်ဆိုင်ရာ ဈေးကွက် လိုအပ်ချက်နဲ့ သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနေတာပါ။ Huawei က ၂၀၂၃ ခုနှစ် ဝင်လာတာနဲ့ ရှရှနိုင်ငံအတွက် မိုဘိုင်းဖုန်းဆိုင်ရာ ကိရိယာ အသုံးအဆောင် အသစ်တွေကို ရောင်းချပေးတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မိုဘိုင်းဖုန်း ကွန်ရက်ဆိုင်ရာ software အဆင့်မြှင့်တင်တာတွေနဲ့ ထိန်းသိမ်း ပြုပြင်တဲ့ ဝန်ဆောင်မှုတွေကိုတော့ ရုရှနိုင်ငံအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမှာပါ။


ရုရှနိုင်ငံအပေါ် မိုဘိုင်းဖုန်း ကွန်ရက်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှု ချမှတ်လိုက်တဲ့အတွက် ဘယ်လောက်အထိ ထိခိုက်နိုင်သလဲဆိုတာကို ကြည့်ရအောင်ပါ။ အိန္ဒိယနိုင်ငံဟာ မိုဘိုင်းဖုန်း အရေအတွက် (၄၆၇) သန်းနဲ့ ကမ္ဘာ့ပေါ်မှာ မိုဘိုင်းဖုန်း အများဆုံး သုံးစွဲတဲ့ နိုင်ငံအဖြစ် ရပ်တည် နေပါတယ်။ အမေရိကန်နိုင်ငံမှာ မိုဘိုင်းဖုန်း (၂၄၇)သန်း ရှိပြီး၊ ရုရှနိုင်ငံမှာတော့ မိုဘိုင်း ဖုန်း (၁၀၆)သန်း ရှိပါတယ်။ နောက်တစ်ဆင့်တက်ပြီး မိုဘိုင်းဖုန်းကနေ အင်တာနက်ကမ္ဘာထဲ ဝင်ရောက်မှုကို ကြည့်လိုက်ရင် (၂၀၁၂) ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် အသုံးပြုမှု (Globel Website Traffic) ရဲ့ (၁၀.၈၈) ရာခိုင်နှုန်းပဲ ရှိပေမယ့်၊ ၂၀၂၂ ခုနှစ်မှာတော့ (၅၉.၄)ရာခိုင်နှုန်း အထိ ရှိလာပါတယ်။ အကြမ်းဖျင်း (၆၀) ရာခိုင်နှုန်းလို့ ပြောနိုင်ပါတယ်။


တစ်ခါ ရုရှနိုင်ငံရဲ့ အင်တာနက် စီးပွားရေး ပမာဏ (E – Commerce) ကို ကြည့်လိုက်ရင် ၂၀၁၈ ခုနှစ်မှာ (၁.၃) ထရီလီယံ ရူဘယ်ပဲ ရှိပေမယ့်၊ ၂၀၂၂ ခုနှစ်မှာ (၄.၄) ထရီလီယံရူဘယ် ရှိလာပါတယ်။ ဒါဟာ အမေရိကန် ဒေါ်လာနဲ့ တွက်လိုက်ရင် (၇၃)ဘီလျံ ရှိပါတယ်။ ဒီအချက်တွေကို ကြည့်လိုက်ရုံနဲ့ မိုဘိုင်းဖုန်း ကွန်ရက်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှုဟာ၊ ရုရှနိုင်ငံအ တွက် အတော်အထိနာမယ်ဆိုတာကို အလွယ်တကူပဲ သိနိုင်ပါတယ်။ ဒါကလည်း မဆန်းပါဘူး။ အင်တာနက်အသုံးချမှုကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်လိုက်ရင် ဂိမ်းတွေက နံပါတ် (၁) နေရာမှာ ရှိပါတယ်။ ဂီတနားထောင်မှုက နံပါတ် (၂)၊ လူမှုမီဒီယာက နံပါတ် (၃)၊ ဗီဒီယိုနဲ့ တီဗွီ ကြည့်ရှုမှုက နံပါတ် (၄)ပါ။ ဒီ ထိပ်တန်း အင်တာနက် အသုံးချမှု (၄)ခုစလုံးမှာ စီးပွားရေးက အဓိက မောင်းနှင်အားအဖြစ် ပါဝင်နေတာပါ။


ဒီဖြစ်ရပ်အပေါ် သုံးသပ်ကြည့်လိုက်ရင် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ နျူကလီးယားလက်နက် အပါအဝင် စစ်ရေးအရ ဘယ်လောက်ပဲ ခေတ်မီ အစွမ်းထက်မြက်ထက်မြက်၊ ကမ္ဘာ့စီးပွားရေး ကွန်ရက်ကို ကျောခိုင်းစွန့်ခွာရတဲ့ အနေအထားမျိုး ရောက်သွားရင်တော့ သက်ဆိုင်ရာ နိုင်ငံအတွက် ရေတိုမှာကို မမျှော်မှန်းနိုင်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပြီး၊ ရေရှည်မှာတော့ ရုရှနိုင်ငံဟာ စစ်ရေးအရ ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်နိုင်စွမ်း ရှိခဲ့ပေမယ့်၊ စီးပွားရေးမှာတော့ တတိယကမ္ဘာ အဆင့်လောက်ပဲ ရှိခဲ့တာဖြစ်လို့ ပြိုကွဲခဲ့ရတာပါ။ ရုရှနိုင်ငံရဲ့ အဖြစ်က ကမ္ဘာတလွှားမှာရှိတဲ့ အာဏာရှင်တွေကို တပ် လှန့် နှိုးဆော် သတိပေးနေတယ်လို့ပဲ ဆိုပါရစေ။

လင်းယုန်အားမာန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 32 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့်
နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 100 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 176 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 169 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်