နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

မြန်မာ့တော်လှန်ရေးအတွက် သတင်းကောင်းတပုဒ်။

မေလ ၁၄ရက်နေ့ကရွေးကောက်ပွဲမှာ “ရှေ့သို့ချီ ပါတီ” (Move Forward party) က မဲအများဆုံးရရှိခဲ့ပြီး ရေပန်းစားနေတဲ့ ဖွေထိုင်းပါတီကို ကျော်တက်သွားခဲ့ပါတယ်။ ဒီလိုကျော်တက်သွားခဲ့ရတာကလည်း Move Forward party မှာ ဦးဆောင်နေသူတွေဟာ လူငယ်လူရွယ်တွေသာ ဖြစ်ကြပြီး အနောက်နိုင်ငံတွေမှာ ပညာသင်ကြားခဲ့ကြတဲ့ ခေတ်ပညာတတ်တွေ နိုင်ငံတကာအမြင်ရှိနေသူတွေ ဖြစ်နေကြလို့ပါ။ သူတို့က ပြည်သူတွေ ဘာတွေ လိုလားနေကြတယ်၊ ဘယ်လို ခံစားနေကြတယ်ဆိုတာကို သိကြပါတယ်။ သူတို့ပါတီထဲမှာ ချမ်းသာကြွယ်ဝသူတွေ ပါသလို ဆင်းရဲသူတွေ လက်လုပ် လက်စားတွေ၊ အခြေခံလူတန်းစားတွေ တောင်သူလယ်သမားတွေကအစ ပါဝင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ခံစားနေရတာကို Move Forward ပါတီက ရောင်ပြန်ဟပ်ပြီး ပြောနိုင်တောင်းဆိုနိုင်လို့ပါ။


စစ်အာဏာရှင်တွေက သူတို့တသက်လုံး ထိုင်းနိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားနိုင်အောင်ရေးဆွဲထားတဲ့ ၂၀၁၄အခြေခံဥပဒေဟာ ဒီမိုကရေစီ နည်းမကျတဲ့အပြင် အထက်လွှတ်တော် အမတ် ၂၅၀ ကို လူထုက မရွေးကောက်ရဘဲ စစ်တပ်ကပဲ ရွေးချယ်ရမယ်ဆိုတဲ့ လူပါးဝ မတရား လုပ်ထားမှုကိုလည်း ပြည်သူတွေ နိုင်ငံရေးသမားတွေ ခေါင်းငုံခံခဲ့ကြရပါတယ်။ နောက်တခါ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို စော်ကားမှု သိက္ခာချမှု ကျူးလွန်ခဲ့ရင် ပေးတဲ့အပြစ်ဒဏ်ကလည်း ၃ နှစ်ကနေ ၁၅ နှစ်အထိရှိပြီး လူသတ်မှု ကျူးလွန်တဲ့သူတွေနဲ့ အတန်းထဲချနိုင်တဲ့ ပုဒ်မဖြစ်တယ်။ အခုထိုင်းမှာ ဒီပုဒ်မနဲ့အမှု ရင်ဆိုင်နေရတဲ့ သူတွေနဲ့ အချုပ်ကျနေသူတွေ ရာကျော်ရှိနေတယ်။ ဒီလူတွေထဲမှာ ဘီဘီစီကသတင်းကို သူ့ဖေ့ဘွတ်မှာ တင်ပေးတာကြောင့် ဘုရင်ကို စော်ကားတယ်ဆိုပြီး ဖမ်းဆီးခံရတာ၊ ဘုရင့်မိဖုရား ဝတ်စုံဝတ်လို့ သိက္ခာ ချတယ်ဆိုပြီး ထောင် ၃ နှစ် ချခံထိသူ စတဲ့သူတွေရှိသလို အစိုးရအကျင့်ပျက်ခြစားတာကို ဝေဖန်လို့ သူတို့အကျင့်ပျက်တာကို ကာကွယ်ဖို့ အတွက် ပုဒ်မ ၁၁၂ ကို သုံးပြီး ဘုရင်ကိုသိက္ခာချပါတယ် စွပ်စွဲချက်တွေနဲ့ တရားစွဲ ခြိမ်းခြောက်အလွဲသုံးမှုတွေလည်း ရှိနေခဲ့တယ်။
Move Forward ပါတီရဲ့ အရင် ရှေးဦးပါတီဖြစ်တဲ့ Future Forward ပါတီ ခေါင်းဆောင် သန်နာသွန် ဂျူရွန်ယောင်းကစ် (Thanathorn Juangroongruangkit) ဟာ သူ့ပါတီကို စတင်တည်ထောင်ချိန်ကစလို့ သန်နာသွန်ဟာ အရပ်သားအစိုးရ ပြန်လည်ထူထောင်ရေးနှင့် ထိုင်းနိုင်ငံရေးတွင် စစ်တပ်ပါဝင်မှု ဖျက်သိမ်းပစ်ရေး၊ နိုင်ငံရေးတွင် တာဝန်ခံမှု၊ စည်းစိမ်ဥစ္စာများ စီးပွားရေးလုပ်ကွက်များ ကို တရားမျှတစွာ ခွဲဝေပေးရေး၊ လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့ ဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို ရေးသားထုတ်ဝေခွင့်တို့ကို တောင်းဆိုခဲ့တယ်။ ဒါကြောင့် သူ့ပါတီက ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမတိုင်မီမှာ လူကြိုက်များ ရေပန်းစားလာခဲ့ပါတယ်။


သူရဲ့ ကိုယ်ပိုင်အောင်မြင်သောစီးပွားရေးလုပ်ငန်းအတွေ့အကြုံ၊ ငယ်ရွယ်နုပျိုဖြတ်လတ်မှုနဲ့ နိုင်ငံရေးအမြင်များကြောင့် နိုင်ငံတကာ မီဒီယာများဟာ သန်နာသွန်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်၊ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးတို့ကြား နှိုင်းယှဉ်မှုများ ပြုလုပ်ခဲ့တဲ့အထိ အထင်ကြီးလေးစားလာခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် သန်နာသွန်နဲ့ ပါတီစီနီယာ အဖွဲ့ဝင် ၃ ဦးက ဖေ့ဘွတ်တွင် Live ထုတ်လွှင့်မှုနှင့် ပတ်သက်ပြီး တိုင်းပြည်တည်ငြိမ်မှုကို ပျက်ပြားအောင် လှုံဆော်မှု ကွန်ပျူတာပြစ်မှုတွေနဲ့ တရားစွဲခြင်းခံရပြီး အမှုရင်ဆိုင်နေခဲ့ရာမှ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ပါတီက သူအပါအဝင် အမတ်နေရာ ၇၀ ရရှိခဲ့ပါတယ်။ တစ်လအကြာမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်ထားတဲ့ V-Luck Media မှာ အစုရှယ်ယာများ ကိုင်ဆောင်ထားတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က သူ့အား စွပ်စွဲကာ ရွေးကောက်ပွဲ ဥပဒေများကို ဖောက်ဖျက်ကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရည်အချင်း မပြည့်မီကြောင်း စွပ်စွဲခဲ့ပါတယ်။ သူ့ကို လွှတ်တော်တွင်းတွင် ဝန်ကြီးချုပ်လောင်းအဖြစ် စစ်အစိုးရ ဆန့်ကျင်ရေးတပ်ပေါင်းစုမှ ရွေးချယ်ခဲ့ပေမဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ပရာရွတ်ချန်အိုချာကို အထက်လွှတ်တော်အမတ်များနဲ့ စစ်တပ်လိုလားတဲ့ အုပ်စုမှ မဲအသာနဲ့ ရွေးချယ်ခဲ့ကြပြီးနောက်မှာတော့ Future Forward ပါတီကို ဖျက်သိမ်းခြင်းခံလိုက်ရပါတယ်။


သန်နာသွန်ဂျူရွန်ယောင်းကစ်က မြန်မာပြည်နဲ့ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်ကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ခွင့်ပြုရန် တွန့်ဆုတ်မှုနဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ ခိုလှုံခွင့်ပေးတာကို ငြင်းဆိုမှုတို့အတွက် ထိုင်းအစိုးရကို သန်နာသွန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။


“ ကျနော် အရမ်းဝမ်းနည်းမိပါတယ်။ မင်းအောင်လှိုင် အုပ်စိုးမှုကို ထိုင်းအစိုးရက ထောက်ခံဖို့ လုပ်နေတာက ထိုင်းပြည်သူတွေရဲ့ဆန္ဒ မဟုတ်ဘူး၊ ကျနော်တို့က မြန်မာပြည်သားတွေအပေါ် အလေးထားပါတယ်။ ကျနော်တို့ဆီမှာလည်း သူတို့ထက်ပိုပြီး ကောင်းလှတဲ့ အနေအထား မရှိပါဘူး ” လို့ မြန်မာစစ်ဦးစီးချုပ်ကို ရည်ညွှန်းပြောဆိုခဲ့တယ်။


တကယ်လို့ သူရဲ့မဟာမိတ်များဟာ မေလအတွင်း အထွေထွေ ရွေးကောက်ပွဲများအပြီးမှာ အစိုးရညွန့်ပေါင်းအဖွဲ့မှာ ပါဝင်နိုင်ရင် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီကို ကူးပြောင်းရန် ကြိုးပမ်းမှုများကို ကူညီနိုင်မယ်လို့ သန်နာသွန်က ကတိပြုကာ ဒုက္ခသည်တွေကို လက်ခံဖို့နဲ့ နိုင်ငံတကာ အကူအညီများအတွက် ထိုင်းနယ်စပ်ကို သုံးခွင့်ပြုမှာ ဖြစ်ကြောင်း သန်နာသွန်က ပြောကြားခဲ့တယ်။ မြန်မာစစ်အစိုးရနဲ့ ထိုင်းအစိုးရရဲ့ လက်ရှိ ထိတွေ့ဆက်ဆံမှုကို ပြန်လည်သုံးသပ်မယ်လို့လည်း သန်နာသွန်က ကတိပြုခဲ့တယ်။


“ စီးပွားရေး ဆက်ဆံရေးနဲ့ ပတ်သက်ရင် ကျနော်တို့က အရမ်းရင်းနှီးတယ်။ ကဏ္ဍပေါင်းစုံမှာ မြန်မာနိုင်ငံသား တစ်သန်းကျော် ထိုင်းနိုင်ငံမှာ နေထိုင်တယ်။ ထိုင်းနဲ့ မြန်မာကြား နယ်စပ်ကုန်သွယ်ရေးက ကြီးမားတယ်။ ဒါကြောင့် ဒီအပေါ်မှာ ချိန်ခွင်လွှာ ယူပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်မှာပါ” လို့ သန်နာသွန်က ပြောခဲ့တယ်။ “ဒါက ထိုင်းအစိုးရရဲ့ ပါဝင်ကစားနိုင်တဲ့ အခန်းကဏ္ဍက ဖြစ်တယ်။ အဲဒါကို သူတို့ကလုပ်ဆောင်ဖို့ စိတ်မဝင်စားတာပါပဲ” လို့ သူက ဆက်ပြောခဲ့တယ်။


အော်စလို လွတ်လပ်ရေး ဖိုရမ်မှာ သန်နာသွန် မိန့်ခွန်းပြောစဉ်က သူပရာယွတ်အစိုးရနဲ့ မြန်မာစစ်အစိုးရကြား အပြန်အလှန် ပံ့ပိုးကူညီမှုကို မီးမောင်း ထိုးပြခဲ့ပြီး ပိုမိုဒီမိုကရေစီနည်းကျတဲ့ ထိုင်းနိုင်ငံဖြစ်လာရင် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အလွန်ကွဲပြားစွာ တုံ့ပြန်နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။


“ထိုင်းအာဏာသိမ်းခေါင်းဆောင် ပရာယွတ် ချန်အိုချာနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ကြား မဟာမိတ် ဖွဲ့ထားခြင်း ဖြစ်ပါတယ်” လို့ သာနာသွန်က မိန့်ခွန်းမှာ ပြောကြားခဲ့တယ်။ “ ဗိုလ်ချုပ်ကြီး ပရာယွတ်ရဲ့ အစိုးရက နိုင်ငံရေး အတိုက်အခံတွေ၊ ဆန္ဒပြသူတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေကို ရာဇဝတ်မှု မြောက်မြားစွာနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒါဟာ အပြောင်းအလဲ တောင်းဆိုမှုကို နှုတ်ပိတ်ဖို့၊ အထူးသဖြင့် ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုကို ပိတ်ဖို့ပါပဲ။”


ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ်မှ ဆုတ်ခွာနေမှုဟာ တခြားနိုင်ငံတွေအတွက်လည်း သက်ရောက်မှု ရှိပါတယ်။ “ ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကို အောင်မြင်စွာ ရပ်တန့်နိုင်ခဲ့ရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုလည်း မရှိနိုင်တော့တဲ့အတွက် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူ ၁၇၀၀ လောက်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကယ်တင်နိုင်လိမ့်မယ်လို့ သန်နာသွန်က ပြောခဲ့တယ်။


အခု ၂၀၂၃ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ အမတ်အများဆုံးနဲ့ အနိုင်ရထားတဲ့ Move Forward ပါတီဟာ Future Forward ပါတီကို အမည်ပြောင်းထားတဲ့လူငယ်တွေ ဦးဆောင်တဲ့ပါတီပါ။ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ကလည်း သူ့အရင် စီနီယာ နိုင်ငံရေးသမား သန်နာသွန်ရဲ့ ရှေ့ရေးအမြင်ကို လိုက်နာကျင့်သုံးမှာ ဖြစ်သလို စစ်တပ်အုပ်ချုပ်မှုအောက်မှာ ရုန်းကန်နေရတဲ့ ဘဝတူမြန်မာလူငယ်များရဲ့ တိုက်ပွဲကို စာနာတတ်သူတယောက်ဖြစ်လို့ သူဝန်ကြီးချုပ်ဖြစ်လာတာနဲ့ မြန်မာ့တော်လှန်ရေးအတွက် အားထားရမဲ့မိတ်ဆွေ အိမ်နီးချင်းကောင်း တယောက် ဖြစ်လာမှာဖြစ်လို့ Move Forward ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပတ္တာနာ ပြုလိုက်ပါတယ်။
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 79 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 97 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 75 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 157 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 129 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 229 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 181 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 141 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့