အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းအစိုးရက တောင်းဆိုမှုပြုထားပြီး အဆိုပါကိစ္စကို လာမယ့် ဇွန်လ ၁၈ရက်နေ့မှာ အလွတ်သလောဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
ရပ်တန့်နေတဲ့ မြန်မာနိုင်ငံအပေါ် ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်စတင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကအဆိုပြုထားတာဖြစ်တယ်လို့ ဇွန်လ (၁၄) ရက်နေ့ ရက်စွဲနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများထံသို့ ပေးပို့ခဲ့တဲ့ စာတစ်စောင်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုတော့ အဲဒီအလွတ်သဘောအစည်းအဝေးကို ဖိတ်ကြားထားခြင်းရှိမရှိမသိရသေးပါဘူး။
Era’sEye/Photo/Reuters