စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းကို တော်လှန်ရေးအင်အားးစုများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၅ရက်နေ့ ၁၁နာရီခွဲခန့်က ကံထူးမရဲစခန်းကို တော်လှန်ရေးအင်အားစုများက ၆၀မမ၊ ၈၁မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကံထူးမဘက်သို့ အားအား ၁၂၉ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ ခမရ(၃၆၁)နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ပဲခင်းကြီး တောရကျောင်းအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို ရောက်ရှိချိန်မှာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရဲစခန်းအတွင်းသို့ လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီနဲ့ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပြီး အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။
ကံထူးမရဲစခန်းအတွင်းသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းမစ်ရှင်ကို ရွှေဘိုခရိုင် အမှတ်(၈)တပ်ရင်းနဲ့အတူ အမှတ်(၂၆) တပ်ရင်း၊ KPK၊ TSR၊ PLA နဲ့ TCRF တို့က ပူးပေါင်းဆော်ငရွက်ခဲ့တယ်လို့ သိရပါတယ်။
Era’sEye