ရန်ကုန်မြို့ မြို့ပြအထူးစစ်ဆင်ရေးတွေ လုပ် ဆောင်သွားမယ်လို့ကြေညာခဲ့တဲ့ Urban Special Operation U.S.O မြို့ပြပြောက်ကျားအဖွဲ့က စစ်ရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ရေးပစ် မှတ်တွေကို ဖျက်သိမ်းတော့မှာမဟုတ်ကြောင်း ပွဲတွေမှာ ပျော်ပါးနေတဲ့ရေပေါ်ဆီတွေကို သတိပေးလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပြတွေကို ပုံမှန်အခြေအနေမျိုးရအောင် စစ်ကောင်စီက ဖန်တီးနေပြီး နိုက်ကလပ်၊ ဘားတွေနဲ့အတူ အခုတစ်ဖန် လူငယ်တွေ ကြိုက်နှစ်သက်တဲ့ EDM လို့ ခေါ်တဲ့ အီလက်ထရောနစ်ဂီတ ကပွဲတွေကို ကျင်းပခွင့်ပြုနေတာဖြစ်ပါတယ်။
“ ဒုက္ခဆင်းရဲမျိုးစုံ၊ ဝမ်းနည်းမှုမျိုးစုံ ကြုံတွေ့နေရချိန်တစ်ဖက်မှာ ရေပေါ်ဆီမိသားစု အသိုင်းအဝိုင်း တွေမှာ နေ့စဉ် သောက်စား ပျော်ပါး ပျော်ပွဲရွှင်ပွဲများပြုလုပ်နေတာက လွန်စွာရုပ်ဆိုးအကျည်းတန်ပြီးစစ်ဆင်ရေး ပစ်မှတ်မှာပါဝင်နေပါက လုံးဝ ရှောင်ကွင်း ဖျက်သိမ်းသွားမှာမဟုတ်ကြောင်းနဲ့ တာဝန်ယူမှာမဟုတ်ကြောင်း ရေပေါ်ဆီ အသိုင်း အဝိုင်းနဲ့ အမိမြေနဲ့ မထိုက်တန်တဲ့လူတန်းစားတွေ ကို နှိုးဆော်ထားတယ်” လို့ U.S.O ကသတိပေးထားတာဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းမှာ စစ်ဖြစ်ပွားနေချိန် ပြည်သူသိန်းနဲ့ချီ စစ်ဘေးရှောင်နေရချိန်မှာ ရန်ကုန်မြို့ကြီးမှာတော့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ အချိန်အခါမဟုတ်သေး ကြောင်းကိုလည်း နိုင်ငံရေးအသိုင်းအဝိုင်းထောက် ပြကြပါတယ်။
U.S.O ဟာ ရန်ကုန်မြို့၌ မြို့ပြအထူးစစ်ဆင်ရေး တွေ လုပ်ဆောင်သွားမှာလို့ စက်တင်ဘာ ၁၅ ရက်မှာ ကြေညာခဲ့ပြီး တစ်လအတွင်း စစ်ဆင်ရေး လေးခု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။