နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်

လက်တင်အမေရိက

လက်တင်အမေရိက အချက်အလက်များ အရှေ့အလယ်ပိုင်း

ဂါဇာတောင်ပိုင်း အပစ်အခတ်ရပ်စဲဖို့ ၃ နိူင်ငံ သဘောတူခဲ့တယ်လို့ အီဂျစ်ရဲ့ ပြောဆိုချက်ကို အစ္စရေးနဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့က ငြင်းဆို။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲဖို့ အီဂျစ်၊ အစ္စရေးနဲ့ အမေရိကန်တို့ သဘောတူညီခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အီဂျစ်ရဲ့ ပြောဆိုချက်ကို အစ္စရေးနဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့က အောက်တိုဘာလ (၁၆) ရက်နေ့က ငြင်းဆိုလိုက်ပါတယ်။


ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမှာရှိတဲ့ အီဂျစ်နဲ့ နယ်နိမိတ်ဖြတ်ကျော်တဲ့ စစ်ဆေးရေးဂိတ်ကနေ နိုင်ငံခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို ထွက်ခွာခွင့်ပြုဖို့နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ယူဆောင်လာရာမှာ အစ္စရေးဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ အီဂျစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရာဖာစစ်ဆေးရေးဂိတ်ကို တရားဝင်ပိတ်ထားခြင်းမရှိပေမယ့် ဂါဇာကမ်းမြောင်ဘက်ခြမ်းတွင် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်နေတာကြောင့် အဲ့ဒီဂိတ်ကို အသုံးမပြုနိုင်ဘူးလို့ ဆိုပါတယ်။


ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို သက်သာစေရန် အရေးတကြီး လိုအပ်နေကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သော်လည်း အစ္စရေးနဲ့ ဆွေးနွေးတာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ပြန်စဖို့ မျှော်လင့်ထားကြောင်း အောက်တိုဘာလ (၁၅) ရက်နေ့က ကြေညာခဲ့ပါတယ်။


အစောပိုင်းမှာ အီဂျစ်၊ အစ္စရေးနဲ့ အမေရိကန်တို့ ဂါဇာတောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီး ရာဖာစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်း အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်ထိမှာတော့ ဘယ်သူမှ ဖြတ်သန်းသွားလာခွင့် မရသေးဘူးလို့ ဒေသသတင်းရင်းမြစ်တွေက ပြပါတယ်။


ဓာတ်ပုံ/ရာဖာစစ်ဆေးရေးဂိတ်တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသည့် ထရပ်ကားများကို တွေ့ရစဉ်/(Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အစ္စရေး အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး)

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 24 Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး) ဒုတိယပိုင်းမှာ စစ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ ဘယ်သူတွေက အနိုင်ရသလဲ၊  အနိုင်ရသူကဘာအကျိုးအမြတ်တွေရခဲ့သလဲဆိုတာတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဦးထွန်းအောင်ကျော်ကသူဟာလူသားဝါဒီတယောက်ဖြစ်ပြီး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်သည် အဓိကခြေလှမ်းအဖြစ် အပစ်အခတ်ရပ်စဲရေး အတွက် ‘အပြုသဘော ဆောင်သော တုံ့ပြန်မှု’အဆိုပြုချက်ကို သဘောတူညီချက်တစ်ခုရရှိရန် တင်သွင်းခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 17 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ရက် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အား အပြုသဘောဆောင်သော တုံ့ပြန်မှုကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဆာလောင်မွတ်သိပ်နေတဲ့ ပါလက်စတိုင်းတွေကို သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက သေနတ်နဲ့ပစ် တာကို တွေ့ခဲ့ရတယ်လို့ ဂါဇာအကူအညီပေးရေး ကန်ထရိုက်တာ ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 24 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။ ဂါဇာကမ်းမြောင်ဒေသ၏ မေးခွန်းထုတ်စရာဖြစ်နေသော အစ္စရေးနှင့် အမေရိကန် ကျောထောက်နောက်ခံ ပေးထားသော အစားအစာထောက်ပံ့ဖြန့်ဖြူးရေးနေရာသစ်တွင် တာဝန်ယူလုပ်ကိုင်နေသော လုံခြုံရေး ကန်ထရိုက်တာဟောင်းတစ်ဦးသည် ခြိမ်းခြောက်မှုမရှိဘဲ ဆာလောင်နေသော ပါလက်စတိုင်းများကို စက်သေနတ်များနှင့် ကြိမ်ဖန်များစွာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးက အရှိန်ပြင်းစွာ တိုက်ခိုက်လာတာကြောင့် ဂါဇာမှာ လူအများအပြား သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 24 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် အစ္စရေး၏ တိုက်ခိုက်မှုများ ပြင်းထန်လာသောကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကြာသပတေးနေ့တွင် ပါလက်စတိုင်း ၈၀ ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေး အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ သေဆုံးသူများတွင် အကူအညီလာရောက်တောင်းခံသူ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်၏နျူကလီးယားစက်ရုံ တည်ဆောက်ထားမှုကို ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 42 Views
အစ္စရေးနှင့် အမေရိကန်တို့၏ “အကြိမ်ကြိမ် တိုက်ခိုက်မှု” အပြီးတွင် အီရန်၏ နျူကလီးယား စက်ရုံတည်ဆောက်ထားမှုမှာ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်စမေးလ် ဘက်ဟီ (Esmail Baghaei) က ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
တရုတ် နိုင်ငံတကာသတင်း ရုရှား အရှေ့အလယ်ပိုင်း

ရှီနှင့် ပူတင်တို့သည် အစ္စရေး-အီရန် အကျပ်အတည်းတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းပြီး ထရန့်အား ဖုံးကွယ်ထားသော သတင်းစကားဖြင့် ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 48 Views
တရုတ်နှင့် ရုရှားတို့သည် အကျိုးအကြောင်းဆီလျော်စွာ ပြောကြာသူများအဖြစ် နေရာယူပြီး အမေရိကန်ပြည်ထောင်စုမှ ဝင်ရောက်ရန် စဉ်းစားနေသည့် ပဋိပက္ခကို အရှိန်လျှော့ချရန် တောင်းဆိုနေကြသည် ။ ၎င်းတို့သည် ကြာသပတေးနေ့တွင် ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ အကြား ဖုန်းခေါ်ဆိုမှုအတွင်း ကြိုးပမ်းခဲ့သည့် မြင်ကွင်းများဖြစ်သည်။
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးမှ သူတို့၏လေပိုင်နက်ကိုပြန်ဖွင့်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 36 Views
အစ္စရေးမှ သူတို့၏လေပိုင်နက်ကိုပြန်ဖွင့်ပေးလိုက်ခြင်း CNN – ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၄ရက် တစ်ညတာ ကာလအတွင်း အီရန်ထံမှ ဒုံးကျည်အများအပြား ကျရောက်ပြီးနောက် အစ္စရေး သည် ၎င်း၏လေပိုင်နက်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း အစ္စရေးလေဆိပ် အာဏာပိုင် အဖွဲ့က အင်္ဂါနေ့တွင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဘအဲရှဲဘား(Beer Sheva) မှာကြောက်မက်ဖွယ်ရာတိုက်ခိုက်ခံရခြင်းကြောင့် အပျက်အစီးပုံများကိုမြင်ရပြီး လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 39 Views
CNN -၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၄ရက် အစ္စရေးနိုင်ငံတောင်ပိုင်းရှိ လူနေအဆောက်အအုံတစ်ခုကို အင်္ဂါနေ့နံနက်တွင် အီရန်ဒုံးကျည်တိုက်ခိုက်မှုမှ တိုက်ရိုက်ထိမှန်ခဲ့ပြီးနောက် လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစ္စရေး၏ အရေးပေါ်ဝန်ဆောင်မှုများကဆိုသည်။ ဘအဲရှဲဘား မြို့တိုက်ခိုက်မှုတွင် လူငါးဦးသေဆုံးပြီး အခြားသူများကို ဒဏ်ရာအနည်းငယ်မှ အလယ်အလတ်အထိ ကုသပေးနေကြောင်း