နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတို့က သိမ်းပိုက်လိုက်မယ်ဆိုရင် အစ္စရေးအတွက် ကြီးမားတဲ့အမှားတစ်ခုသွားမယ်လို့ အမေရိကန်သမ္မတဘိုင်ဒန်ပြော

အောက်တိုဘာလ (၁၅) ရက်။

ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတို့က သိမ်းပိုက်လိုက်မယ်ဆိုရင် အစ္စရေးအတွက် ကြီးမားတဲ့အမှားတစ်ခုသွားမယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒန်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နယ်မြေကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့ကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်ခြင်းကိုတော့ ထောက်ခံကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။


အောက်တိုဘာလ (၁၅) ရက်နေ့က CBS News က ထုတ်လွှင့်တဲ့ 60 mins. အစီအစဉ်ရဲ့ အင်တာဗျူးတစ်ခုမှာ ဘိုင်ဒန်က အခုလို ပြောကြားခဲ့တာပါ။ အဲ့ဒီ အစီအစဉ်ကို အောက်တိုဘာလ (၁၃) ရက်နေ့မှာ ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။


အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံ ဝိုင်းရံထားမှုကို ထောက်ခံသလားလို့ မေးမြန်းရာမှာ အစ္စရေးဟာ စစ်ပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေရဲ့ဘောင်ထဲကနေ ဆောင်ရွက်မယ်ဆိုတာကို ယုံကြည်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဂါဇာဒေသမှာ နေထိုင်နေတဲ့ပြည်သူတွေရဲ့ ဆေးကုသရေး၊ စားနပ်ရိက္ခါတွေလမ်းကြောင်းတွေကိုတော့ သေချာစေဖို့ နည်းလမ်းတော့ ရှိမယ်လို့ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက သိမ်းပိုက်တာကို ထောက်ခံသလားလို့ မေးတဲ့အခါ သမ္မတ ဘိုင်ဒန်က “ဒါဟာ ကြီးမားတဲ့ အမှားတစ်ခုလို့ ကျွန်တော်ထင်ပါတယ်” ဟု ရှင်းလင်းစွာ ဖြေခဲ့ပါတယ်။ ဟားမတ်စ်ကို လုံးလုံးလျားလျား ချေမှုန်းပစ်ရမှာဖြစ်ကြောင်းနဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနဲ့ အစ္စရေးနဲ့ အတူယှဉ်တွဲနေထိုင်ခွင့်ရရေးလမ်းကြောင်းကို ရှာဖွေသင့်ကြောင်း သမ္မတ ဘိုင်ဒန်က သူ့ရဲ့ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အပစ်အခတ် ရပ်စဲရေး လုပ်သင့်သလားလို့ မေးတဲ့ အခါမှာ သူက အစ္စရေးဟာ ဟိုလိုကော့စ် (ဂျူးတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု) နဲ့ ယှဉ်နိုင်တဲ့ ရက်စက်ယုတ်မာမှု ကျူးလွန်တဲ့ အဖွဲ့ကို တိုက်ခိုက်နေတယ်´´ လို့ ပြောပြီးအစ္စရေးအနေနဲ့ ဒီနည်းကလွဲလို့ ရွေးစရာ မရှိဘူး၊ ဟားမတ်စ်တွေကို တိုက်ခိုက်ရမယ်။” လို့ ပြောပါတယ်။


ဓာတ်ပုံ/အမေရိကန်သမ္မတ ဘိုင်ဒန်/Evan Vucci/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 9 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 11 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက