နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတို့က သိမ်းပိုက်လိုက်မယ်ဆိုရင် အစ္စရေးအတွက် ကြီးမားတဲ့အမှားတစ်ခုသွားမယ်လို့ အမေရိကန်သမ္မတဘိုင်ဒန်ပြော

အောက်တိုဘာလ (၁၅) ရက်။

ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတို့က သိမ်းပိုက်လိုက်မယ်ဆိုရင် အစ္စရေးအတွက် ကြီးမားတဲ့အမှားတစ်ခုသွားမယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒန်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နယ်မြေကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့ကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်ခြင်းကိုတော့ ထောက်ခံကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။


အောက်တိုဘာလ (၁၅) ရက်နေ့က CBS News က ထုတ်လွှင့်တဲ့ 60 mins. အစီအစဉ်ရဲ့ အင်တာဗျူးတစ်ခုမှာ ဘိုင်ဒန်က အခုလို ပြောကြားခဲ့တာပါ။ အဲ့ဒီ အစီအစဉ်ကို အောက်တိုဘာလ (၁၃) ရက်နေ့မှာ ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။


အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံ ဝိုင်းရံထားမှုကို ထောက်ခံသလားလို့ မေးမြန်းရာမှာ အစ္စရေးဟာ စစ်ပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေရဲ့ဘောင်ထဲကနေ ဆောင်ရွက်မယ်ဆိုတာကို ယုံကြည်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဂါဇာဒေသမှာ နေထိုင်နေတဲ့ပြည်သူတွေရဲ့ ဆေးကုသရေး၊ စားနပ်ရိက္ခါတွေလမ်းကြောင်းတွေကိုတော့ သေချာစေဖို့ နည်းလမ်းတော့ ရှိမယ်လို့ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက သိမ်းပိုက်တာကို ထောက်ခံသလားလို့ မေးတဲ့အခါ သမ္မတ ဘိုင်ဒန်က “ဒါဟာ ကြီးမားတဲ့ အမှားတစ်ခုလို့ ကျွန်တော်ထင်ပါတယ်” ဟု ရှင်းလင်းစွာ ဖြေခဲ့ပါတယ်။ ဟားမတ်စ်ကို လုံးလုံးလျားလျား ချေမှုန်းပစ်ရမှာဖြစ်ကြောင်းနဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနဲ့ အစ္စရေးနဲ့ အတူယှဉ်တွဲနေထိုင်ခွင့်ရရေးလမ်းကြောင်းကို ရှာဖွေသင့်ကြောင်း သမ္မတ ဘိုင်ဒန်က သူ့ရဲ့ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အပစ်အခတ် ရပ်စဲရေး လုပ်သင့်သလားလို့ မေးတဲ့ အခါမှာ သူက အစ္စရေးဟာ ဟိုလိုကော့စ် (ဂျူးတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု) နဲ့ ယှဉ်နိုင်တဲ့ ရက်စက်ယုတ်မာမှု ကျူးလွန်တဲ့ အဖွဲ့ကို တိုက်ခိုက်နေတယ်´´ လို့ ပြောပြီးအစ္စရေးအနေနဲ့ ဒီနည်းကလွဲလို့ ရွေးစရာ မရှိဘူး၊ ဟားမတ်စ်တွေကို တိုက်ခိုက်ရမယ်။” လို့ ပြောပါတယ်။


ဓာတ်ပုံ/အမေရိကန်သမ္မတ ဘိုင်ဒန်/Evan Vucci/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 8 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 13 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 13 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 22 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 23 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ်

အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ တစ်ကျော့ပြန်လာမည့်အပေါ် ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 25 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ကို ပြန်လည် ခန့်အပ်မည့် အရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံကို သတိပေး လိုက်ပြီး၊ ၎င်း၏ ယခင်ခေါင်းဆောင်မှုအောက်တွင်
နိုင်ငံတကာသတင်း အမေရိကန်

ဖို့တ်ဝိန်းမြို့က မြန်မာတွေ နှင်ထုတ်ခံရနိုင်ခြေရှိတယ်လို့ မြို့တော်ဝန် တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 24 Views
ဇန်နဝါရီ ၂၁ရက် သတင်း ၂၀၂၆ခုနှစ် Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ လာမည့်အပတ်မှစတင်၍ ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသည် လာမည့်အပတ်ကဲ့သို့ စောစီးသော