၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ စစ်ကောင်စီရဲ့ ကျားတက်ရွာရဲစခန်းကို နိုဝင်ဘာလ (၁၅) ရက်နေ့က PDF တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြတယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီနေ့ နေ့လယ် (၁)နာရီခန့်မှာ ရဲစခန်းရှိ ရဲနဲ့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ MOD က ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ ကျားတက်ရွာရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ချိန်မှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဓါတ်ပုံနဲ့တကွ ဖော်ပြထားချက်အရ သိရပါတယ်။


