နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

စစ်ရေးသတင်း

စစ်ရေးသတင်း မြန်မာ့နိုင်ငံရေး

ဆားလင်းကြီးမြို့က ကျားတက်ရွာရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ စစ်ကောင်စီရဲ့ ကျားတက်ရွာရဲစခန်းကို နိုဝင်ဘာလ (၁၅) ရက်နေ့က PDF တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြတယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီနေ့ နေ့လယ် (၁)နာရီခန့်မှာ ရဲစခန်းရှိ ရဲနဲ့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ MOD က ပြောဆိုထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီရဲ့ ကျားတက်ရွာရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ချိန်မှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဓါတ်ပုံနဲ့တကွ ဖော်ပြထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 9 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 15 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 17 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာ့နိုင်ငံရေး

(၁)လတာထိုးစစ်အပြီး မံစီမြို့သိမ်းအောင်ပွဲ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 50 Views
ဇန်နဝါရီလ (၉)ရက်။ တော်လှန်ရေးတပ်တွေရဲ့ (၁)လတာ ထိုးစစ်အပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲအနေနဲ့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မံစီမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၆၀၁)၊ ခမရ(၃၁၉)နဲ့ အမတ(၃၅၂)တို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာ့နိုင်ငံရေး

ရခိုင်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို AA ထိန်းချုပ်ထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 84 Views
ဒီဇင်ဘာလ (၂၈)ရက်။ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၀)ခုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း (၁၁)ခုထဲက
မြန်မာ့နိုင်ငံရေး

ဆီရီးယားလို အာဏာရှင်တွေ လက်မြှောက်အရှုံးပေးရအောင် NUG အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ ယာယီသမ္မတတိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 73 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဆီရီးယားလို မြန်မာမှာ အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက်အရှုံးပေးရအောင် အစိုးရတဖွဲ့လုံး အလုပ်နဲ့သက်သေပြဖို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာရပ်နွေဦးတော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ ဘယ်လို လက်မြှောက်အရှုံးပေးသွားခဲ့ကြရတယ်ဆိုတာ
မြန်မာ့နိုင်ငံရေး

ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလလို့ UWSA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 79 Views
ဒီဇင်ဘာလ (၉)ရက်။ ထိုင်းနဲ့ စစ်ရေးတင်းမာတယ်ဆိုပြီး သတင်းရေးသားနေကြတာတွေဟာ မဟုတ်မမှန်တဲ့ ကောလာဟလသတင်းတွေလို့ UWSA က ဒီဇင်ဘာလ (၇)ရက်နေ့မှာ ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ထိုင်းဘက်က “ ဝ” တပ်စခန်း (၉)ခုကို ဒီဇင်ဘာလ (၁၈)ရက်နေ့
မြန်မာ့နိုင်ငံရေး

အိန္ဒိယအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့နည်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အချို့ ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 69 Views
ဒီဇင်ဘာ (၅)ရက်။ အိန္ဒိယအစိုးရအနေနဲ့ စစ်အုပ်စုကို တရားဝင်ဖိတ်ကြား တွေ့ဆုံပြီး တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့ နည်းလမ်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အစည်းအချို့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာအရေးအပေါ် အိန္ဒိယအစိုးရရဲ့ ချဉ်းကပ်မှုနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ India