နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်

ပြည်တွင်းသတင်း

ပြည်တွင်းသတင်း မြန်မာ့နိုင်ငံရေး

စောနယ်ဒါးဘိုမြ ဦးဆောင်ပြီး ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်း ကြေညာ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။

ကော်သူးလေအာမီ (KTLA) ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ စောနယ်ဒါးဘိုမြက ဦးဆောင်ပြီး ဝန်ကြီးဌာန (၁၄) ခု ပါဝင်တဲ့ ကော်သူးလေအစိုးရ (Government of Kawthoolei –GOK) အဖွဲ့ကို ဖွဲ့စည်းထူထောင်လိုက်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ (၁၄) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကော်သူးလေပြည်နယ်အတွင်းရှိ နိုင်ငံသားများအကျိုးကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ကရင်ပြည်သူများရဲ့ တိုက်တွန်းမှုအရ သမာဓိရှိ ကရင်ခေါင်းဆောင်များက ကော်သူးလေအစိုးရကို တရားဝင် ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကော်သူးလေအစိုးရမှာ KTLA စစ်ဦးစီးချုပ် စောနယ်ဒါးဘိုမြက ပြည်နယ်သမ္မတ အဖြစ် တာဝန်ယူပြီး ဒုသမ္မတများအဖြစ် စောဘာဝါးနဲ့ စောဆာဂေဖိုးတို့ အပါအဝင် ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ သစ်တောနှင့် စိုက်ပျိုးရေး၊ လယ်ယာနှင့် ရေလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှု၊ တရားရေး၊ ဘဏ္ဍာရေး၊ သတ္တုတွင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်ခြားရေးရာ၊ ကျန်းမာရေး၊ သာသနာရေး၊ အဖွဲ့အစည်းအရေးနှင့် မဟာမိတ်ရေးရာ စတဲ့ ဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့ဝင် (၁၈) ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

“ကော်သူးလေ တပ်မတော်ကပဲ ကော်သူးလေအစိုးရကို တည်ထောင်လိုက်တာဖြစ်တယ်။ ဖွဲ့စည်းလိုက်တဲ့ ဌာနတချို့က ကျနော်တို့မလုပ်တတ်ပေမယ့်လည်း တခြားတိုင်းရင်းသားတွေနဲ့ချိတ်ဆက်ပြီးတော့ လုပ်လို့ ရတယ်။ ကေအဲန်ယူက ကျနော်တို့ကို အသိအမှတ်မပြု ဘေးဖယ်ထားပေမယ့်လည်း လူထုတွေက ကျနော်တို့ကို အားပေးထောက်ခံရင် ကျနော်တို့ဆက်သွားရမှာပဲ။ မလုပ်ရင် ရှေ့ဆက်သွားဖို့ ခက်မယ်။ အများက ကျနော်တို့ကို ဘာနိုင်ငံရေး ရည်မှန်းချက်မှမရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့လို့ မြင်တယ်။” လို့ စောနယ်ဒါးဘိုမြက ကေအိုင်စီကရင်သတင်းဌာနကို ဖြေဆိုထားပါတယ်။

နိုင်ငံရေးရည်မှန်းချက် မတူညီတဲ့အတွက် ကော်သူးလေအာမီ-KTLA နဲ့ ပူးပေါင်းလုပ်ဆောင်လို့ မရကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ (၆) ရက်နေ့မှာ ကေအဲန်ယူက ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။

စောနယ်ဒါးဘိုမြဟာ အစုလိုက်အပြုံလိုက် လူ (၂၅) ဦးသတ်ဖြတ်ထားတဲ့ကိစ္စမှာ တာဝန်အရှိဆုံးသူဖြစ်လို့ ကေအဲန်ယူက စောနယ်ဒါးဘိုမြကို ရာထူးမှ ဖယ်ရှားထားပြီး စောနယ်ဒါးဘိုမြရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ရပ်တည်ချက်တွေ မတူဘူးလို့ ကေအဲန်ယူဗဟိုနဲ့ နီးစပ်သူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

မြဝတီ-ဝေါလေကားလမ်းက စစ်ကောင်စီ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 9 Views
အောက်တိုဘာလ (၂၀)ရက်။ ဒီကနေ့ မြဝတီမြို့ ဘလယ်ဒိုကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရှင်းလင်းခဲ့တယ်လို့ Cobra Column
မြန်မာ့နိုင်ငံရေး

စစ်မှုထမ်းအပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီခေါ်ယူနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 11 Views
အောက်တိုဘာလ (၁၉)ရက်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီက ခေါ်ယူနေတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ
မြန်မာ့နိုင်ငံရေး

ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချဲ့ချထား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 16 Views
အောက်တိုဘာလ (၁၉)ရက်။ အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် စစ်ကောင်စီက ဧရာဝတီတိုင်း ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ လုံခြုံရေးအင်အား တိုးချဲ့ချထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ရခိုင်မှာ တိုက်ပွဲတွေကြောင့် စကစက ရခိုင်နဲ့ ငါးသိုင်းချောင်းကြားက
မြန်မာ့နိုင်ငံရေး

စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရ‌တွေအနေနဲ့ ကန့်ကွက်ဖို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုက်တွန်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 25 Views
အောက်တိုဘာလ (၁၂)ရက်။ စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ကိုယ်စားလှယ်တွေနဲ့ အောက်တိုဘာလ (၁၀)ရက်က ဩစတြေးလျနိုင်ငံမှာ တွေ့ဆုံချိန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နိုင်ငံရေး

ပြည်သူအပေါ် စာနာပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံဖိတ်ခေါ်တာဆိုပြီး စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 29 ရက်
  • 43 Views
စက်တင်ဘာလ (၂၉)ရက်။ ပြည်သူအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ ‌မေတ္တာရပ်ခံဖိတ်ခေါ်တာလို့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းထားတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီနေ့ ဒေသတော်တော်များများမှာ ရေကြီးရေလျှံတဲ့ဒဏ်နဲ့ သဘာ၀ဘေးဒဏ် ခံခဲ့ရပါတယ်။
မြန်မာ့နိုင်ငံရေး အာရှ

မြန်မာ့တော်လှန်ရေးကို အိန္ဒိယက စိတ်ဝင်စားလာပြီလား။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 48 Views
စက်တင်ဘာလ (၂၅) ရက်။ စက်တင်ဘာလ ၂၃ ရက်နေ့က ရိုက်တာသတင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာလလယ်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတစ်ရပ်ကို အာရက္ခတပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ချင်းအမျိုးသားတပ်ဦး
မြန်မာ့နိုင်ငံရေး

ရေဦးမြို့မှာ ရပ်ကျေးပကဖထောင်ထားတဲ့မိုင်း ချို့ယွင်းပေါက်ကွဲကာ ခရီးသည်တင်ကားတစ်စီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 113 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ရေဦးနယ်တောင်ဘက်ခြမ်းမှာ ခရီးသည်တင်ကားတစ်စီး မိုင်းစထိမှန်ခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေဦးမြို့ပေါ်က အကြမ်းဖက်စစ်ခွေးအုပ်စုရန်ကို ကာကွယ်ဖို့ ရပ်ကျေးပကဖရဲဘော်တွေ ထောင်ထားတဲ့
1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 121 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့ ဒီကနေ့မှာ ငြင်းဆိုထားချက်အရ သိရပါတယ်။ “ MNDAA တပ်သား (၂)ဦးကို သေနတ်နဲ့