ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ(၁၇)ရက်မှာ ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ (ဧပြီ ၁၆) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် PDF၏ တပ်ရင်းတပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ တပ်ဆင်ပေးအပ်လျက်ရှိ ကြောင်းနှင့်လက်နက်တပ်ဆင်မှုများအား ဆက်လက်အရှိန်မြှင့် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် နိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်တင်မည်ဟု အသိပေးကြေညာထားသည့်နှင့်အညီ လက်နက်တပ်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိနေတာဖြစ်ပါတယ်။
Era’seyes/ (ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ – MOD-NUG)