နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်

ဆောင်းပါးများ

ဆောင်းပါးများ

မြန်မာနိုင်ငံ၏တော်လှန်ရေးတွင် ဇီလန်စကီးကဲ့သို့ စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်တစ်ဦး လိုအပ်နေပါသည်

အထိန်းသိမ်းခံထားရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေ့ရက်များ ပြီးဆုံးသွားဖွယ်ရှိပြီး တိုက်ပွဲများကို ဦးဆောင်နိုင်မည့် မျိုးဆက်သစ်ခေါင်းဆောင်တဦးမှ ရှေ့သို့တိုး၍ ထွက်ပေါ်လာခြင်း မရှိသေးပါ။


David HUTTAPRIL, ASIA TIME ၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့ ဆောင်းပါး။


စစ်ကိုင်းတိုင်း ဒေသကြီးမှာ ဧပြီလ (၁၁) ရက်နေ့က ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော် သေဆုံးပြီး (ဧပြီလ (၁၇) ရက်တွင် ၁၇၀ ဦးသေဆုံး) ကလေးငယ်များ အပါအဝင် လူ (၃၀) ထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့ မြန်မာစစ်အစိုးရ၏ နောက်ဆုံးရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချလိုက်ပါသည်။

မနေ့ညက ချင်းပြည်နယ်တွင် နောက်ထပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ပါသည်။


“ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေဟာ စစ်အစိုးရရဲ့ လူ့အသက်ကို လျစ်လျူရှုခြင်းနဲ့ မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် သူ့ရဲ့တာဝန်ကို မထမ်းဆောင်မှုအတွက် နောက်ထပ် သက်သေပြချက် ဖြစ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် မြန်မာစစ်အစိုးရတပ်များက အရပ်သားများကို သတ်ဖြတ်တိုက်ခိုက်မှုများ တိုးပွားလာနေသည့် နောက်ဆုံးအခြေအနေမှာ အနောက်နိုင်ငံများ၏ တင်းမာသော ပြောဆိုမှုများထက် ပိုပြီး ဖြစ်ပေါ်လာဖွယ် မရှိပါ။

လူကြိုက် များသော ရွေးကောက်တင်မြှောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုမှ နှစ်နှစ်ကျော်ကြာပြီးနောက်၊ ပြည်တွင်းစစ်ကို တုံ့ပြန်ရန် ပဲ့ကိုင်လုပ်ဆောင်ရမည့် အရှေ့တောင်အာရှရှိ မြန်မာအိမ်နီးချင်းများ အပါအဝင် ကမ္ဘာတဝှမ်းမှ ပြင်းထန်သော ပြစ်တင်သည့် စကားလုံးများမှလွဲ၍ အခြား စိတ်အားထက်သန်မှု အနည်းငယ်သာ ရှိပါသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က “စစ်ကိုင်းမြို့ကို ဒီကနေ့ လေကြောင်း တိုက်ခိုက်မှုအပါအဝင် အပြစ်မဲ့ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ ကမ္ဘာက ဥပေက္ခာပြုပြီး လက်နက်တွေ ပေးဆောင်နေတာကြောင့် ဖြစ်တယ်။

ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ညှိနှိုင်းဆောင်ရွက်မှု မပြုလုပ်မီ မြန်မာကလေးငယ် ဘယ်နှစ်ယောက်လောက်ထပ်ပြီး သေဆုံးနေရမှာလဲ။” ဟု အင်ဒရူးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအရေးသည် ကမ္ဘာပေါ်က “မေ့လျော့နေသောစစ်ပွဲ” ဖြစ်သည်ဟု အင်ဒရူးက ဆိုသည်။ မြန်မာ၏ ကွဲပြားနေ သော သူပုန်တပ်များကို စစ်နှင့် ဘဏ္ဍာရေး အကူအညီများအတွက် အနောက်ဒီမိုကရေစီနိုင်ငံများက ကြိမ်ဖန်များစွာ ငြင်းဆိုခဲ့ပြီး တစ်ချိန်တည်းမှာပင် အနောက်ဒီမိုကရေစီနိုင်ငံများက ရုရှားကျူးကျော်မှုကို ခုခံကာကွယ်ရာတွင် ယူကရိန်းအား နောက်ဆုံးပေါ် လက်နက်ခဲယမ်းများဖြင့် ပံ့ပိုးပေးနေသည်မှာ အမှန်ပင် ထင်ရှားလှပါသည်။

“ပဋိပက္ခနှစ်ခုဟာ လုံးလုံးလျားလျား တူညီမှု မရှိပေမယ့် ယူကရိန်းက နိုင်ငံတကာအသိုင်းအဝိုင်းကို သွားရည်ကျအောင် လုပ်ထားချိန်မှာတော့ မြန်မာနိုင်ငံက လုံးဝနီးပါး လျစ်လျူရှုခံထားရတာပါပဲ” ဟု တက်စ်မင်နီယာ (Tasmania) တက္ကသိုလ်မှ နီလာလာစ် ဖာရယ်လီး (Nicholas Farrelly) က မကြာသေးမီက စောဒကတက်ခဲ့သည်။


အကြောင်းရင်းတစ်ခုမှာ ဒီမိုကရေစီ၏အမည်ဖြင့် တော်လှန်ရေးကို ဦးဆောင်နေသည့် အထင်ကရ ခေါင်းဆောင် တစ်ဦး မရှိခြင်းနှင့် ဆက်စပ်နေသည်ဟု ၎င်းက အကြံပြုသည်။ “ဖြုတ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသော လူထု ခေါင်းဆောင်တွေကို ပိတ်လှောင်ထားတာကြောင့် မြန်မာ့တော်လှန်ရေး အင်အားစုတွေဟာ အများသူငါ အသိအမှတ် ပြုနိုင်တဲ့ ခေါင်းဆောင်မျိုး မရှိဘူး” ဟု ရေးသားထားသည်။

အလားတူပင်၊ ဇန်နဝါရီ ၃၁ ရက်က ထုတ်ဝေသည့် စီးပွားရေးဂျာနယ် (The Economist) ဆောင်းပါးတွင် “ဤတော်လှန်ရေးအသစ်သည် စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်မရှိ” ကြောင်း မှတ်ချက် ပြုခဲ့သည်။ “ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်းကစီးနှင့် တူညီသော အလွယ်တကူ အသိအမှတ်ပြုနိုင်သော ခေါင်းဆောင်မှု မရှိခြင်းသည် နိုင်ငံတကာ၏ ထောက်ခံမှုကို စုစည်းရန် ပိုမိုခက်ခဲစေသည်” ဟု မြန်မာရှေ့တန်း (Frontier Myanmar) သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။


စစ်အစိုးရ ဆန့်ကျင်ရေး အမျိုးသား စည်းလုံး ညီညွတ်ရေး အစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီလားသည် မြန်မာနိုင်ငံ အပြင်ဘက်တွင် လူမသိသူတယောက် ဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင် အများအပြား တက်လာပြီး ကျော်ကြားမှု ကျဆင်းခဲ့သည်။ အာဏာသိမ်းပြီး လပိုင်းများအတွင်း ချင်းပြည်နယ် ဆေးဆရာဝန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စည်းရုံးရေး လှုပ်ရှားသူ ဒေါက်တာဆာဆာသည် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် အဓိကပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သော်လည်း ၎င်း၏ ကျော်ကြားမှုမှာ ယမန်နှစ်ကတည်းက ကျဆင်းသွားခဲ့သည်။

” NUG တွင် ဒေါက်တာဆာဆာ၏ အခန်းကဏ္ဍသည် သိသိသာသာ လျော့နည်းသွားသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း အုပ်ချုပ်ရေး၏ သတင်းစာ ရှင်းလင်းပွဲများနှင့် အခမ်းအနားများတွင် ကြီးကြီးမားမား မပါဝင်တော့ဘဲ နိုင်ငံခြား အစိုးရများနှင့် တွေ့ဆုံမှု နည်းပါးသွားသည်” ဟု Frontier Myanmar က နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။


အာဏာသိမ်းပြီး မကြာမီလပိုင်းအတွင်းတွင် ထင်ရှားကျော်ကြားသည့် ဒီမိုကရေစီရေး လှုပ်ရှားသူ နောက်တဦးဖြစ်သည့် မင်းကိုနိုင်လည်း ထင်ရှားလာသော်လည်း မကြာမီ ရှေ့တန်းလှုပ်ရှားမှုမှ တမင်တကာ ဆုတ်ခွာသွားကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ အလားအလာရှိသော ခေါင်းဆောင်များသည် သူတို့ကို ကိုစစ်အစိုးရ၏ အင်အားစုများက ပစ်မှတ် ဖြစ်လာ နိုင်သည့်အတွက် လူသိမများစေရန် အလွန်သတိထားနေကြသည်ဟု အကဲခတ်သူများက ယူဆနေကြသည်။

တိုက်ပွဲများကို ဖော်ဆောင်နေသည့် အရပ်သား PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို “လက်တင် ကုလားထိုင်တွင် ထိုင်ပြီး အင်တာနက် သုံးနေသည့် တက်ကြွလှုပ်ရှားသူများ” က သူတို့ကို အာရုံစူးစိုက်မှု ရရှိရန်အတွက် လှောင်ပြောင်နေကြသည်ဟု အခိုင်အမာ ပြောဆိုမှုများလည်း ရှိသည်။


၁၉၉၀ ပြည့်လွန်နှစ်များကတည်းက မြန်မာနိုင်ငံတွင် ကာလရှည်ကြာ ဒီမိုကရေစီရရှိရေးကို ကြိုးစားဆောင်ရွက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒီမိုကရေစီလိုလားသူ ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရပြီး ဇီလန်စကီးကဲ့သို့ ပေါင်းစည်းရေး အခန်းကဏ္ဍတွင် အကယ်၍ သူမအနေနှင့် လွတ်မြောက်နေပါက ပါဝင်နိုင်မည် ဖြစ်သည်။

ဖမ်းဆီးခံရသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအား “အာဏာသိမ်းမှုအား လက်မခံရန်” နှင့် စစ်အာဏာသိမ်းမှုသည် တိုင်းပြည်အား “အာဏာရှင်စနစ်အောက်သို့ ပြန်လည် ရောက်ရှိသွားမည်” ဟု နိုင်ငံတကာအသိုင်းအဝိုင်းအား သတိပေးခဲ့သည်။


သို့သော်၊ သူမသည် ဖမ်းဆီးထိန်းသိမ်းခံနေရသည့်အကြားမှ ပြည်သူသို့ သတင်းပေးရန် ရှားပါးခက်ခဲလှပေသည်။ သူမ၏ ကိုယ်စားလှယ်များမှတဆင့် တခါတရံ လျှို့ဝှက်သင်္ကေတများဖြင့် နားမလည်နိုင်သည့် အသိပေးမှုများကို မှီခိုနေရသည်။ ပြီးခဲ့သည့်ဧပြီလတွင် သူမသည် သူမ၏ လုပ်ဖော်ကိုင်ဖက်များအား “ စည်းလုံးညီညွတ်စွာ နေထိုင်ပြီး ကွဲပြားခြားနားသော အမြင်များကို လက်ခံဆွေးနွေးရန်” တောင်းဆိုခဲ့သည်။ လေ့လာသုံးသပ်သူ စာရေးဆရာလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်း ဖြစ်တဲ့ Scot Marciel က “စည်းလုံးညီညွတ်မှုကို စွမ်းဆောင်နိုင်တဲ့ သြဇာတိက္ကမနဲ့ ပြည့်စုံသူယောက်က အများကြီး အထောက်အကူ ပြုနိုင်မှာပါ။ နောက်ပြီး ပရော်ဖက်ရှင်နယ်ကျပြီး အလွန်မြင့်မားတဲ့ လူထုနဲ့ ဆက်သွယ်ရေး လှုပ်ရှားမှုတစ်ခုကလည်း အများကြီး အထောက်အကူ ဖြစ်မှာပါ” ဟု Asia Times သို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီး အာဏာသိမ်းမှု မတိုင်ခင် ပြည်ပကို ထွက်ပြေးနိုင်ခဲ့ရင် ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဇီလန်စကီးကဲ့သို့ပင်၊ အနောက်တိုင်းနှင့် ပိုမိုကျယ်ပြန့်သော ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန် ကွန်ဂရက် လွှတ်တော်များနှင့် လွှတ်တော်များသို့ မိန့်ခွန်းပြောရန် ဖိတ်ကြားခံရပေမည်။ သူမသည် ပုံမှန်သတင်းထုတ်ပြန်မှုများတွင်လည်း ပါဝင်နေမည် ဖြစ်မည်။ သတင်းစာနှင့် ရုပ်မြင်သံကြား အယ်ဒီတာများသည် လူသားတို့၏ ထိတွေ့ခံစားရသော ဇာတ်လမ်းများကို နှစ်သက်လေ့ရှိကြပြီး အနောက်တိုင်းတွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ချက်ခြင်းသိနိုင်သော နာမည်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံကို သတင်းမပြတ်စေမည့် မီးပွားများ ဖြစ်နိုင်သည်။


ဤဆန္ဒရှိသည့် စိတ်ကူးယဉ်ဇာတ်ကြောင်းမှာ ပြဿနာတစ်ခု ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီရရှိရန် အကြမ်းမဖက်သော ရပ်တည်မှုအတွက် ၁၉၈၉ ခုနှစ်မှ ၁၅ နှစ်ကြာ အကျဉ်းကျခံခဲ့ရသော အနောက်လစ်ဘရယ်များ၏ ချစ်မြတ်နိုးဖွယ်ကောင်းသူဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် “အာဏာမဲ့သူများ၏ စွမ်းပကား၏ ထူးထူးခြားခြား စံနမူနာ တစ်ခုအတွက် နိုဘယ်လ်ဆု” ချီးမြှင့်ခံခဲ့ရသည်။ ” ဆုများနှင့် ဂုဏ်ပြုဆုများ ပေးအပ်ခြင်း ခံခဲ့ရသည်။ ပြင်သစ်ဒါရိုက်တာ Luc Besson ၏ “The Lady” အတ္ထုပ္ပတ္တိသည် နယ်လ်ဆင်မင်ဒဲလားကဲ့သို့ ရင်သပ်ရှုမောစေပြီး အနောက်တိုင်းတွင် မှတ်မိနိုင်သော အိုင်ကွန် တစ်ခု ဖြစ်စေခဲ့သည်။


သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည် (ပြင်သစ်သတင်းစာတစ်စောင်က သူမအား ဖမ်းဆီးသည့်နေ့တွင် “အပယ်ခံ” ဟုခေါ်သည်)။ ၂၀၁၆ ခုနှစ်တွင် NLD အစိုးရအဖြစ် ရွေးချယ်ခံရပြီးနောက် သူမသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အမည်ခံထားသောပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီး နိုင်ငံ၏ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ အပါအဝင် ထိပ်တန်း ဝန်ကြီးဌာနများကို စစ်တပ်က ထိန်းချုပ်ထားခဲ့သည်။ သူမသည် လစ်ဘရယ်မူဝါဒများကို အချိန်အတော်ကြာ အထွတ်အမြတ်ထားသည်ဟု သူမပြောခဲ့သော လစ်ဘရယ်မူဝါဒများကို လုပ်ဆောင်ခြင်းမရှိဟု မကြာခဏ စွပ်စွဲခံရသည်။ ပိုဆိုးသည်က ၂၀၁၇ ခုနှစ် နိုင်ငံတကာက ရှုတ်ချသည့် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများကို အရှိန်ပြင်းပြင်း ဝေဖန်ပြစ်တင်နေချိန်တွင် စစ်တပ်က ဦးဆောင်သည့် “လူမျိုးတုံး သတ်ဖြတ်မှု” ကို ရှုတ်ချဖို့ ပျက်ကွက်ခဲ့ပြီးသည့်နောက် သူမ၏ ပုံရိပ်မှာ ညှိုးမှိန်သွားပါသည်။


ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်တွင် ရေလွှမ်းမိုးမှု ခံနေရသော စခန်းများသို့ ထွက်ပြေးခဲ့ပြီး ၆ သိန်းခန့်မှာ မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်ခံနေရဆဲဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့ (Human Rights Watch) က ခန့်မှန်းထားသည်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွဲချက်များဖြင့် တပ်မတော်ကို စွဲဆိုထားခြင်းကို သူမက ခုခံ ကာကွယ်ပြီးနောက် နိုင်ငံတကာ၏ ယုံကြည် ကိုးစားမှုနှင့် စာနာမှု အားလုံးကို ဒေါ်အောင်ဆန်းစုကြည် ဆုံးရှုံးခဲ့ရကြောင်း ဝါရှင်တန်ဒီစီရှိ National War College မှ ပါမောက္ခ ဇာချရီ အဘူဇာ (Zachary Abuza) က ပြောကြားခဲ့သည်။ “သူမဟာ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အကယ်၍ ညှိနှိုင်းဖြေရှင်းဖို့ ကိစ္စဖြစ်လာရင် သူ့အနေနဲ့ ပါဝင်နိုင်မဲ့ အခန်းကဏ္ဍ မရှိသင့်ပါဘူး။ သူမဟာ ခွဲခြားလွန်းပါတယ်” ဟု Abuza က ထပ်လောင်းပြောကြားခဲ့ပါသည်။ ဒါပေမယ့်၊ ရေပေါ်ဆီ နိုင်ငံရေးသမားတွေနဲ့ အောက်ခြေထုတို့က နားထောင်နာခံရတဲ့ “သူမ” မရှိတော့တဲ့အခါမှာ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရယူရာမှာ NUG ကို ထိခိုက်စေပါတယ်။” ဟု Abuza က ဆိုသည်။


သို့သော်လည်း စည်းလုံးညီညွတ်သော ဆွဲဆောင်မှုရှိသော ပုဂ္ဂိုလ်တစ်ဦးသာ ရှိခဲ့ပါက နိုင်ငံတကာအသိုက်အဝန်းမှ ပိုမိုညှိနှိုင်း တုံ့ပြန်မှု ရှိလာမည်လားဟု သံသယဖြစ်ဖွယ်ရှိသည်။ “ဒါဟာ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာတစ်ခုလို့ ကျွန်တော် မထင်ပါဘူး၊ ဒါဟာ ခေါင်းဆောင်မှုနဲ့ ပတ်သက်တယ်” ဟု အကြီးတန်း နိုင်ငံခြား သံတမန်တစ်ဦးက Asia Times သို့ ပြောကြားခဲ့သည်။ အဓိကပြဿနာမှာ ကြီးမားသော ခုခံရေးလှုပ်ရှားမှုသည် စည်းစနစ်ကျကျ မစည်းရုံးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု လေ့လာသုံးသပ်သူများနှင့် ခွဲခြမ်းစိတ်ဖြာကြည့်သူများက ဆိုကြသည်။ NUG သည် တော်လှန်ရေးကို ကိုယ်စားပြု ပြောဆိုနေသည်ဟု ဆိုသော်လည်း လှုပ်ရှားမှု နှစ်ပိုင်းကွဲနေပြီး အသစ်ပေါ်ပေါက်လာသည့် များပြားလှစွာသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDFs) အများစုသည် သီးခြားလွတ်လပ်စွာ လုပ်ဆောင်လျက်ရှိပြီး သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မဟာမိတ်ဖွဲ့လုပ်ဆောင်နေကြသည်။


ပေါင်းစည်းထားသော အတိုက်အခံအင်အားစုအဖြစ် ကိုယ်စားပြုနိုင်သည့် စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်တစ်ဦးမျှ မရှိကြောင်း၊ Center for Strategic and International Studies (CSIS) မှ အရှေ့တောင်အာရှအစီအစဉ် ဒါရိုက်တာ ဂယ်ရီဂိုရီပိုလင်း (Gregory Poling) က ပြောကြားခဲ့သည်။ “အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) က အတိုက်အခံ အင်အားစုအားလုံးအတွက် ကိုယ်စားပြုကြောင်းပြောဆိုဖို့ တောင်းဆိုထားပေမယ့် ဒါဟာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ “ NUG သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် ပိုအရေးကြီးသော တိုက်ပွဲဝင်တပ်ဖွဲ့များ မရှိဘဲ အောင်ပွဲရရန် မျှော်လင့်ချက်မရှိကြောင်းနှင့် ထို့အဖွဲ့အစည်းများသည် NUG ၏ နိုင်ငံရေးဦးဆောင်မှုကို လိုက်နာရန် စိတ်မဝင်စားပါ” ဟု ဆိုသည်။


စည်းရုံးမှုမရှိသည့် တော်လှန်ရေး လှုပ်ရှားမှုတွင် နိုင်ငံခြားအစိုးရများအနေနှင့် ပဋိပက္ခအတွင်းသို့ ဝင်လာရန်အတွက် အတားအစီးအဖြစ် ကာဆီးနေသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူအချို့က ယူဆကြသည်။ သူတို့အနေနှင့် NUG ကို များပြားသော အထောက်အပံ့ ပေးခြင်းကြောင့် မည်သည့်ပမာဏတခုခုကို ရရှိနိုင်မည်ကို မရှင်းမလင်းဘဲ ဖြစ်နေခဲ့သည်။ အကယ်၍ NUG အရိပ်အစိုးရအနေဖြင့် တော်လှန်ရေးလှုပ်ရှားမှု၏ လိုလားချက်ကို သူတို့အနေနှင့် ကိုယ်စားပြုနေကြောင်းပြောပြီး အမိန့်ပေးမထိန်းချုပ်နိုင်လျှင် လိုအပ်သည် အကူအညီများကို ရနိုင်မည် မဟုတ်ပေ။


“စာနာတတ်တဲ့ အစိုးရတွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) မှာ စစ်အစိုးရရဲ့ရွေးကောက်ပွဲရဲ့ အစားထိုးနိုင်မဲ့ ရှင်းလင်းတဲ့ ဗျူဟာ ရှိမရှိကို ကြည့်နေကြပါတယ်။ အဓိပ္ပယ်ကတော့ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလျော့ပေးဆွေးနွေးပြီး စည်းလုံးညီညွတ်တဲ့တပ်ဦးကို တည်ဆောက်ဖို့၊ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ လိုက်လျောမှုတွေကို ဖော်ဆောင်ပေးဖို့ တပ်မတော်ရဲ့ ရွေးကောက်ပွဲ အစီအစဉ်ကို ရှင်းရှင်းလင်းလင်း အစားထိုး ဖန်တီးဖို့ လုပ်နိုင်မှု ရှိမရှိ NUG ကို လေ့လာနေပါတယ်” ဟု စည်းရုံးရေးအဖွဲ့တစ်ခုဖြစ်သည့် Burma Campaign UK ၏ ဒါရိုက်တာမာ့ခ်ဖာမနာ (Mark Farmaner) က ပြောသည်။


အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မိမိနိုင်ငံတွင် ရေပန်းစားနေသော်လည်း နိုင်ငံရေးအရ မီးမောင်း ထိုခံရသည့်ဘဝမှ သူမ၏ အချိန်သည် ကုန်ဆုံးသွားဖွယ် ရှိသည်။ မျိုးဆက်သစ်လူငယ်များစွာက ဒေါ်အောင်ဆန်းစုကြည်၏ NLD မှ လွှမ်းမိုးချုပ်ကိုင်မှုသည် ဒီမိုကရေစီ ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသည်ဟု ယူဆကြသည်။ အခြား သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် NLD ၏ အရေခွံကို ခွာချပြီး မြန်မာနိုင်ငံတွင် ဆယ်စုများစွာ စွဲကပ်နေသည့် တော်လှန်ရေးတွင် ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းရာ၌ သဘောတူညီချက် ရရှိအောင် ဆောင်ရွက် သင့်သည်ဟု ဆိုသည်။


သာဓကအားဖြင့် NUG သည် ယခုအခါ နိုင်ငံ၏သမိုင်းဝင် ကွဲပြားမှုများအတွက် ဖက်ဒရယ်ဖြေရှင်းချက်တစ်ရပ်ကို အဆိုပြုပြီး တိုင်းရင်းသားနယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လူနည်းစုအုပ်စုများ၏ ကိုယ်စားပြုမှုကို ပိုမိုရရှိစေသည်။

အာဏာသိမ်း ဆန့်ကျင်ရေး တော်လှန်ရေးသည် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်ကို မည်သို့ရရှိနိုင်မည်ဆိုသည့် အချက်ကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော NUG အကြီးတန်း ပုဂ္ဂိုလ်အများအပြားသည် အကြမ်း မဖက်သော နည်းလမ်းများကို နိုင်ငံရေးပန်းတိုင်များ ရရှိရန် နည်းလမ်းအဖြစ် မြင်ကြသည့် သက်ကြီးရွယ်အိုများ ဖြစ်ကြသော်လည်း၊ လူငယ်အများစုသည် စစ်အာဏာရှင်ကို ဖြုတ်ချသည့် အကြမ်းဖက်နည်းလမ်းများဖြင့်သာ လွတ်လပ်မှုကို ပိုမိုလွယ်ကူစွာရရှိ လာလိမ့်မည်ဟု ထင်မြင်ယူဆကြသည်။


လက်ရှိအနေအထားအရ တော်လှန်ရေးမစခင်က အခြေအနေသို့ ပြန်ရောက်လာမှုကို ၎င်းတို့က လက်ခံရန် အခွင့်အလမ်း နည်းပါးသည်။ စစ်ဘက်ဆိုင်ရာ နိုင်ငံရေးစနစ်နှင့် နယ်စွန်အဖျားများအပေါ် ဗဟိုချုပ်ကိုင်မှု ထိန်းချုပ်မှုစနစ်ကို တော်လှန်ခြင်းဖြင့် လှန်ပစ်ရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အရည်အချင်းနှင့် သြဇာအာဏာ ရှိလင့်ကစား ယခုလက်ရှိတွင် ခေါင်းဆောင်မဲ့ လှုပ်ရှားမှုများစွာအတွက် မအောင်မြင်သော နည်းလမ်းဟောင်း (အကြမ်းမဖက် နည်းလမ်း) များကိုသာ ကိုယ်စားပြုနေပါသည်။


David Hutt
Asia Times တွင် စာရေးဆရာ David Hutt ရေးသားသည့် “Myanmar’s resistance needs a Zelensky-like charismatic leader” ကို ခေတ်မျက်လုံးမှ ဘာသာပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

ကျရှုံးနိုင်ငံ ဘာကြောင့် ဖြစ်လာရသလဲ။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 52 Views
အထူးဆောင်းပါး။ ဆောင်းပါးရှင် မြားနတ်မောင် မျှဝေပါသည်။ မြန်မာနိုင်ငံကျဆုံးနိုင်ငံဖြစ်လာရတာ စစ်တပ်က မိမိအလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးကို အာရုံမစိုက်ခဲ့ဘဲ စစ်ခေါင်းဆောင်အဆက်ဆက် တိုင်းပြည်ကို လက်ပြောင်း
ဆောင်းပါးများ နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံက အကျင့်ပျက် ဗုဒ္ဓဘာသာဘုန်းကြီးဆိုးများ

  • 2024 ခုနှစ်၊ ဩဂုတ်လ 27 ရက်
  • 83 Views
သတင်းဆောင်းပါး ABC ဗီဒီယိုသတင်းက နိုင်ငံခြားသတင်းထောက် Foreign Correspondent- Lauren Day က တင်ပြခဲ့တဲ့ Sex, drugs,
ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 292 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့် LORI HINNANT တို့မှ ၂၀၂၂ခုနှစ် သြဂုတ် ၁၀ရက်နေ့ တွင်ရေးသားသည့် ‘The
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 285 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။ လမ်းပြအဖြစ် တာဝန်ယူပေးမယ့် ကိုအောင်မြင့်မြတ် စီစဉ်ပေးတဲ့ကားနဲ့ အူဆာဂီ၊ ငြိမ်းချမ်းနဲ့ ကျနော်တို့ အိုက်ဇောကနေ
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 190 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ တိုက်တွန်းခံခဲ့ရတဲ့ ဝမ္မတူဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယောမန်တို့ ရဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့တွေ့ဆုံခဲ့ပါတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 212 Views
၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်မြို့မှာ တွေ့ရှိခင်မင်ခဲ့ကြပြီး ဘန်ကောက်ရောက်တဲ့အခါ ပြည်တွင်းက ထွက်ပြေးလာတဲ့ ကျောင်းဆရာ
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 158 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း(နောက်ဆုံးပိုင်း)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 132 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု