မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား ၉၈ ဦးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း ထုတ်ပြန်လိုက်ပါသည်။
ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ သူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၉၈ ဦးတို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်အမှတ် ၂၈/၁၃၊ ၂၉/၂၃၊ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ရက်စွဲဖြင့် လွတ်ငြိမ်းခွင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။
ဓာတ်ပုံ။ စစ်ကောင်စီ။