မြဝတီမြို့အနီး အောင်မြေရွှေဘို အနောက်ဘက်ခြမ်းကို ဒီကနေ့ နံနက်စောစော စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချာနယ်တွေမှာတော့ ဂျက်ဖိုက်တာ (၃) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။


မဲဆောက်မြို့မှာနေတဲ့ မြန်မာအချို့က “ ဗုံးကြဲတာ မဲဆောက်ကတောင် ကြားရတယ်၊ မှန်တွေတောင် ခါကုန်တယ်” လို့ ပြောပါတယ်။
အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ပြီး နောက်ဆုံးအခြေအနေတွေကို ဆက်လက်တင်ပြသွားပါမယ်။