နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမြို့နယ်မှာ စစ်ရှောင်ပြည်သူ ငါးသောင်းကျော်အထိ ရှိနေ၊ အစားအစာနဲ့ မြွေဆိပ်ဖြေဆေး အရေးပေါ်လိုအပ်နေ

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ ငါးသောင်းကျော်အထိ ရှိနေပြီး စားနပ်ရိက္ခာနဲ့ မြွေဆိပ်ဖြေဆေး အရေးပေါ်လိုအပ်နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က သိရပါတယ်။


ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၂၄ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံ အပြစ်မဲ့ပြည်သူတွေမှာ ကျေးရွာအတွင်းကို ပြန်မဝင်နိုင်ဘဲ အမြဲတမ်းစစ်ရှောင်ရွာတွေအဖြစ် ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ရှိ ဇီးကနား၊ လျှော်ဖြူကုန်း၊ နှောကုန်း၊ ဂုံညှင်းလျှို၊ ကျခတ်အိုက်၊ ကိုင်းမ၊ သျှားချောင်း၊ မိသလ္လင်ကုန်း၊ ကိုးတောင်ဘို့၊ ပေါက်ကုန်း၊ ဇော်ချောင်းနဲ့ အလယ်ခုံကျေးရွာ၊ ချပ်သင်းတိုက်နယ်က ချပ်သင်း၊ ချပ်ကြီး၊ ကံကြီး (ရ)၊ ပုဏ္ဏားကြီး၊ ပုဏ္ဏားငယ်၊ တမာကုန်းနှင့် လှည်းပွဲကျေးရွာ၊ ပင့်သာတိုက်နယ်က ပင့်သာ၊ ချောင်းခြားနဲ့ မကျီးကုန်းကျေးရွာ၊ ဇီးကုန်းတိုက်နယ်က ရေကြည်ဦးကျေးရွာ၊ မလည်တိုက်နယ်က ပဇီကြီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညောင်ဇင်၊ သရက်ခေါင်း၊ ဖလံချိုင်၊ တင်ကုတ်ကြီး၊ သိုးဘိုး၊ ချင်မြစ်ကျင်း၊ ငါးရာနဲ စတဲ့ ကျေးရွာခုနှစ်ရွာက ဒေသခံပြည်သူတွေမှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုတွေကြောင့် မေလ ၁၆ ရက်အထိ ရွာအတွင်း ပြန်မဝင်နိုင်ကြသေးဘူးလို့ သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်လက်အောက်ရှိ ခြေမြန်တပ်ရင်း ခမရ-၃၆၁ စစ်ကြောင်းထိုးမှုကြောင့် ကျီးပင်အက်၊အင်းလယ်ကြီး၊သရက်တာ၊ကိုင်းရိုး၊လေးလ၊မြိုင်သာယာ၊ဥာဏ်အင်း၊ညောင်ပေါင်ရင်း စတဲ့ရွာ တွေဟာလည်း နီးစပ်ရာတောများထဲမှာ စစ်ရှောင်နေကြရပါတယ်။

ကန့်ဘလူခရိုင်အတွင်းမှာ စစ်ရှောင်ပြည်သူဦးရေ မြင့်တက်လာမှုနဲ့အတူ စစ်ရှောင်တွေအတွက် အဓိက ကျတဲ့ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ အခြေခံသုံး ဆေးဝါးတွေ လိုအပ်ချက် မြင့်မားလာတဲ့အပြင် မြွေဆိပ်ဖြေဆေးကဲ့သို့ အရေးပေါ်ကုသရာမှာ သုံးစွဲရတဲ့ ဆေးဝါးတွေလည်း လိုအပ်လာနေကြောင်း စစ်ရှောင်တွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေ က ပြောပါတယ်။
Era’sEyes /Photo/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 21 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို